ဧရာ၀တီတိုင်း ဟင်္သာတအကျဉ်းထောင်ကနေ မနေ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့် နဲ့ ဧရာဝတီတိုင်း ပြည်သူပါတီက အတွင်းရေးမှူး ဦးစိန်သောင်း အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၃ ဦး လွတ်မြောက်တယ် လို့ ဒေသခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဆီကသိရပါတယ်။
“ အင်္ဂပူညောင်ကျိုးဘက် မှာနေတဲ့ NLD ပါတီဝင်လည်းလွတ်ပြီ၊ သူကနောက်တော့ဦးကိုကိုကြီး ရဲ့ ပြည်သူပါတီရောက်သွားတာ လူအခွင့်အရေးတို့ အလုပ်သမား လယ်သမား အရေးတို့လည်းလုပ်တဲ့သူ” လို့ နိုင်ငံရေး တက်ကြွ လှုပ်ရှား တစ်ဦး က DNA ကိုပြောပါတယ်။
မနေ့ကလွတ်ငြိမ်းနဲ့ စစ်ကောင်စီ က လွှတ်ပေးတဲ့ နိုင်ငံရေး အကျဉ်းသား ၃၃ ဦးမှာ အမျိုးသမီး နိုင်ကျဉ်း ၁၂ ဦးပါဝင်ပြီး ပုဒ်မ ၅၀၅ နဲ့ ထောင် ၂ နှစ် စီ အမိန့်ချခံပြီး လွဝ်ရက် နီးနေတဲ့ သူတွေ ဖြစ်တယ် လို့ဆက်သိရပါတယ်။
လွတ်မြောက်လာတဲ့ နိုင်ကျဉ်း ၃၃ ဦး ဟာ ဟင်္သာ ခရိုင် အတွင်းရှိ မြန်အောင် ကနောင် ကြံခင်း အင်္ဂပူ ထူးကြီး လေးမျက်နှာ စတဲ့ မြို့နယ်တွေ ဘက် ကသူတွေ ဖြစ်ပြီး အများစု က စစ်တပ်အာဏာသိမ်းတာ နဲ့ပါတ်သက် ပြီး ဆန့်ကျင် ခဲ့တာ ကြောင့် စစ်ကောင်စီ ကဖမ်းဆီး ထောင်ချ ခဲ့တာလို့ သိရပါတယ်။.
“ဟင်္သာထောင် ထဲမှာ အမိန့်ချပြီးတဲ့ နိုင်ကျဉ်းရော အမိန့်မချရသေး တဲ့ နိုင်ကျဉ်းရော ၁၀၀ ကျော်လောက် ကျန်ရှိနေ သေးတယ် “ လို့ လွတ်မြောက်လာသူ အကျဉ်းသားတစ်ဦး ကပြောပါတယ်။
လက်ရှိမှာ ဟင်္သာတထောင်ကလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားအမျိုးသားအမျိုးသမီး ၃၃ ဦး အပြင် တခြားပြစ်မှုတွေ နဲ့ လွတ်လာ သူ ၈၇ ဦး လည်းပါဝင်တဲ့ အတွက် ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့်မှာ စုစုပေါင်း လွတ်လာ သူ ၁၂၀ ဦး ဖြစ်တယ် လို့ သိ ရပါတယ်။