ပုသိမ်မြို့က အခမဲ့အပ်ချုပ်စက်ပြင်သင်တန်း

၅၊ဒီဇင်ဘာ၊ ၂၀၁၈။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ အပ်ချုပ်စက်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကိုဒီဇင်ဘာ ၃ ရက်နေ့က စတင်ပြီး ၁၅ ရက်ကြာ အခမဲ့ သင်ကြားပေးနေပါတယ် ။ အမှတ်၁၃ နယ်မြေ ၊ ကင်မလင်းကျွန်းရပ်ကွက် ခတ္တာ၃ က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးခန်းမှာ သင်ကြားပေးနေတာပါ။
ရိုးရိုးအပ်ချုပ်စက် ၊ ရိုးရိုးဓါးစက် ၊ ဘိတင်စက်တွေကို ပြုပြင်နည်းတွေ သင်ကြားပေးနေတာပါ။
ဒီသင်တန်းမှာ သင်တန်းသား ၂၀ ဦးတက်ရောက်သင်ကြားနေတယ်လို့ သိရပါတယ် ။

အသေးစားစက်မှုလက်မှုဦးစီးဌာနအနေနဲ့ အစားအသောက်ထုတ်လုပ်မှုသင်တန်းတွေ ၊ ဆိုင်ကယ်ပြုပြင်နည်း အခြေခံသင်တန်းတွေ ၊ လူသုံးကုန် နဲ့ အလှကုန်ထုတ်လုပ်မှုသင်တန်းတွေ ၊ ဒီဇင်အင်ဂျင်ပြုပြင်နည်း အခြေခံ သင်တန်း အစရှိတဲ့ သင်တန်း ၁၀ မျိုးကို အခမဲ့ သင်ကြားပေးလျှက်ရှိပါတယ် ။