ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုအားလုံးပြီးပြတ်၊ စုစုပေါင်း ထောင်ဒဏ်နှစ်သုံးဆယ်ကျော် ချမှတ်ခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီကစွဲဆိုထားတဲ့ အမှု (၁၉)ခု အတွက် စုစုပေါင်း ထောင်ဒဏ် (၃၃)နှစ်ချမှတ်လိုက်ပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက နောက်ဆုံးကျန်နေတဲ့ အဂတိအမှု ငါးမှုကို ဒီကနေ့ ဒီဇင် ဘာ(၃၀)ရက် နေပြည်တော်ထောင်တွင်း တရားရုံးမှာ အပြီး သတ်အမိန့်ချခဲ့တာပါ။ အဲ့ဒီအမှုတွေထဲ ကလေးမှု အတွက် ထောင်သုံးနှစ် တပေါင်းတည်းကျခံဖို့နဲ့ နောက်ထပ်တမှုကိုတော့ ထောင်လေးနှစ်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူ တွေဆီကသိရပါတယ်။
 
NLD အစိုးရလက်ထက်က သဘာဝဘေးအန္တရာယ်ဖြစ်စဉ်တွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ်ငှား ရမ်းတာ ၊ဝယ်ယူခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၅၅)နဲ့ စွဲဆိုထားတဲ့ အမှုငါးမှုကို ဒီကနေ့အပြီးသတ်အမိန့်ချခဲ့တာ ဖြစ်ပါ တယ်။
 
အဲ့ဒီအဂတိအမှုငါးမှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်နှစ်ဦးလုံးကိုစွဲဆိုထားတာဖြစ်ပြီး ဒီကနေ့ အ မိန့်ချမှတ်ရာမှာ စစ်ကောင်စီတရားရုံးက နှစ်ဦးလုံးကို အလားတူ ပြစ်ဒဏ်တွေချမှတ်လိုက် တာဖြစ်တယ်လို့သိ ရပါတယ်။
 
စစ်ကောင်စီတရားရုံးကချမှတ်တဲ့ ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီး အယူခံဆက်တက်ဖို့လည်း ရှိနေတယ်လို့ နီးစပ်သူ တွေဆီက သိရပါတယ်။ဒီကနေ့ တရားခွင်တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်း မွန်နေတယ်လို့လည်း သိရပါတယ်။
 
စစ်ကောင်စီဟာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆူပူအောင်လှုံဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက် သွယ်ရေးအမှုအတွက်ထောင် ၂နှစ်စီ၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုအတွက် ၄နှစ်၊ နေပြည်တော်အိမ်မှာ စကား ပြောစက်တွေတွေ့ရှိတယ်ဆိုတဲ့ စွဲချက်နဲ့ ၄နှစ်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး မြေ ကွက်ဝယ်ယူ တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ ၆နှစ် အသီးသီးချမှတ်ထားပါတယ်။
 
ဒါ့အပြင်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်အတွက်စွဲတဲ့အ မှုနဲ့ ၅နှစ်၊ စီးပွားရေးလုပ်ငန်းရှင် မောင် ဝိတ် နဲ့ပတ်သက်တဲ့ စွပ်စွဲချက်အတွက် ၃နှစ်၊နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင် ၃နှစ်၊ရွေးကောက်ပွဲ နဲ့ပတ် သက် တဲ့ အမှုနဲ့ ထောင်သုံးနှစ် စုစုပေါင်း ထောင် ၂၈နှစ် အထိ စစ်အုပ်စုတရားရုံးတွေက စွပ်စွဲချမှတ်ထားပြီး အဲ့ဒီ အ ထဲက နှစ်နှစ်ကို ပြန်လည်ဖြေလျှော့ပေးထားပါတယ်။
သမ္မတ ဦးဝင်းမြင့်ကတော့ စုစုပေါင်း အမှုရှစ်မှုစွဲဆိုခံခဲ့ရပြီး အဲ့ဒီအထဲကသုံးနှစ်အတွက် ထောင်ငါးနှစ် ချမှတ်ခံ ထားရတာဖြစ်လို့ ဒီကနေ့ အမှုငါးမှုအပါအဝင် စုစုပေါင်းထောင် (၁၂)နှစ် ချမှတ်ခံထားရပါတယ်။
 
ဒီကနေ့ အမိန့်ချမှတ်အပြီးမှာဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေအားလုံး ပြီးပြတ်သွားပြီဖြစ်လို့ လက်ရှိထားရှိတဲ့ နေပြည်တော်အကျဉ်းထောင်ကနေ ရွှေ့ပြောင်းပေးနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိ နေပေမယ့် အဲ့ဒီကိစ္စကိုတော့ မသိရသေးဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေကပြောပါတယ်။