ကရင်ပြည်နယ်အတွင်းမြဝတီ-ကော့ကရိတ်အာရှ လမ်းမှာတိုက်ပွဲဖြစ်နေပြီးတံတားတချို့ဖျက်ဆီးခံရကာလမ်းတွေလည်းပိတ်ထားတာကြောင့် ထိုင်းနိုင်ငံ ကို တင်ပို့မယ့်ကုန်စိမ်းတန်ချိန် ပျက်စီးကုန်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“ထိုင်းကို ပို့ဖို့ နောက်တွဲကားကြီးတွေနဲ့ တင်လာတဲ့ ကော်ဖီထုပ်၊ကော်ဖိပန်း တွေကို ကားတွေကဆက် တက်လို့မရပဲ လမ်းမှာပဲပိတ်မိနေတော့ ဆက်ထား ရင်လည်းရက်ကလွန်ပြီးပျက်စီးကုန်မှာဆိုတော့ကျုံဒိုးမြို့မှာ ဈေးအများကြီးလျှော့ပြီး ရောင်းပေး နေ တာတွေ့ရတယ်၊တထုတ် ၂၀၀တဲ့ အလကားနီးပါး ဈေးနဲ့ရောင်းနေတာ”လို့ရောင်းချမှုကိုတွေ့ရှိခဲ့ရတဲ့မျက်မြင်သက်သေဒေသခံတဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့KNLAပူးပေါင်းတပ်တွေကြားဒီဇင်ဘာ ၂၀ရက်နောက်ပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်နေတာကြောင့်မြဝတီ-ကော့ကရိတ်အာရှလမ်းပိတ်ထားရပြီးဒီကနေ့အထိနှစ်ဘက်ပိတ်ဆို့ထားတဲ့အ ခြေအနေတွေရှိနေတာပါ။
အဲ့ဒီလိုပိတ်ဆို့နေတာကြောင့်မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးဘေးမှာပဲကုန်စိမ်းကားကြီးတွေရပ်နားထားပြီး ဂေါ်ဖီထုတ်နဲ့ကုန်စိမ်းတင် ဆောင်ထား တဲ့ကားတချို့ဟာပုပ်သိုးတဲ့အနံ့ဆိုးတွေထွက်နေပြီလို့ဒေသခံတွေကဆိုပါတယ်။
“ရက်လွန်ပျက်စီးလို့ပစ်ရမယ့်တူတူအခုလို့ ရောင်း ပေးလိုက်တော့လည်း ကားခလောက်တော့ ပြန်ရ တာပေါ့”လို့ကုန်တင်ယာဥ်မောင်းတဦးကDNAကိုပြောပါတယ်။
လက်ရှိမှာမြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး အသုံးပြုလို့ရချိန်အထိမစောင့်နိုင်သူတွေအနေနဲ့စစ်တပ်ကိုဂိတ်ကြေးငါးသောင်းအထိပေးဆောင်ပြီးဖြတ်ရတာတွေရှိသလိုဆိုင်ကယ်ကယ်ရီတဆင့်ငှားပြီးသွားရတာတွေ၊ထော့ကော်ကိုးလမ်းကနေမြဝတီကိုတဆင့်သွားရတာတွေလုပ်နေရတယ်လို့သိရပါတယ်။
ထော့ကော့ကိုးတောလမ်းဟာလမ်းကျဉ်းတာကြောင့် တွဲကားတွေကိုရှောင်မောင်းရပြီး ကားမပိတ် ရင် တောင် ၄နာရီလောက်ကြာပြီး လမ်းကလည်း ကြမ်းတယ်လို့ ထော့ကော်ကိုးလမ်းကိုအ သုံးပြုပြီး ခရီးသွားခဲ့ရသူတစ်ဦးက DNA ကိုပြောပါတယ်။
“လမ်းက ကြမ်းတယ်၊ တွဲကားပါ ဒီနေ့ဖြတ် ကြ တယ်၊ ကားတော့မပိတ်ပါဘူး၊ လမ်းကျဉ်းတော့ တွဲကားတွေကိုရှောင်တဲ့အချိန် နည်းနည်းကြာတယ်၊ ကားကတော့ ၁၅၀၊ ၂၀၀လောက်ရှိတယ်၊ ” လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။
ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေနေ့စဉ်နီးပါး ဖြစ်ပွားနေပြီး စစ်ကောင်စီကနေ လေယာဉ်နဲ့ ဗုံးကြဲတာတွေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်တာတွေရှိနေတယ်လို့ ဒေသခံတဦးက ပြော ပါတယ်။
“ မနေ့က သုံးနာရီက လေယာဉ်ပစ်တယ်၊ လေယာဉ် လှည့်တာ ငါးခါကို သုံးခါထုတယ်၊ မနေ့က တနေ ကုန်လက်နက်ကြီးထုတာမရပ်ဘူး၊ ဒီနေ့ကတော့ ငြိမ်နေတယ် “ လို့ ဒေသခံတဦးကပြောပါတယ်။
တိုက်ပွဲတွေနဲ့ စစ်ကောင်စီဘက်က ကော့ကရိတ်မြို့ တဝိုက်လေကြောင်းနဲ့တိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေကြောင့်ကော့နွဲ့ရွာ၊ တံတားဦးရပ် ကွက်နဲ့ ချောင်းတောင်ကွက်ဘက်က ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင်နေရပြီး အနွေးထည် တွေ နဲ့ စား နပ်ရိပ်က္ခာတွေလိုအပ်နေတယ်လို့ သိရပါ တယ်။