နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွပ်စွဲတရားစွဲထားတဲ့ အဂတိအမှုတွေကို ဒီလ ၂၆ ရက်နေ့မှာ အမိန့်ချသင့် မချသင့် နှစ်ဖက် အပြီးသတ်လျှောက်လဲချက် ပေးသွားမယ်လို့ တရားရေး အသိုင်းအဝိုင်းက သိရပါတယ်။
အဲဒီအမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဖက်က တင်ပြထားတဲ့ သက်သေ ၅ ဦးအနက် နောက်ဆုံးသက်သေတဦးကို ဒီကနေ့ နေပြည်တော်က တရားရုံးမှာ စစ်ဆေးခဲ့တာပါ။
နှစ်ဖက် အပြန်အလှန် စစ်ဆေးမှုတွေပြီးဆုံးသွားတဲ့အတွက် အပြီးသတ်လျှောက်လဲချက်ပေးကာ အမိန့်ချမယ့်ရက် သတ်မှတ်မှာဖြစ်တယ်လို့ တရားရေး အသိုင်းအဝိုင်းက သိရပါတယ်။
သဘာဝဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေကနေ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သမ္မတဦးဝင်းမြင့်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပေဒပုဒ်မ – ၅၅ နဲ့ အမှုငါးမှုနဲ့ အာဏာသိမ်းစစ်တပ်က စွဲထားတာပါ။
စစ်တပ်က အာဏသိမ်းပြီးနော် အသက် ၇၈ နှစ်ရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းကာ အမှု ၁၉ မှုနဲ့ စွပ်စွဲတရားစွဲဆိုခဲ့ပါတယ်။ အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ်ကို စစ်အုပ်စုရဲ့ တရားရုံးက အမိန့်ချထားပါတယ်။
လက်ရှိရင်ဆိုင်နေရတဲ့ အဂတိအမှု ၅ မှုက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ နောက်ဆုံးအမှုတွေဖြစ်တယ်လို့ သိရပါတယ်။