ဘန်ကောက်ရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေမြန်မာသံရုံးရှေ့မှာသပိတ်မှောက်

နိုင်ငံရေး အခြေအနေကြောင့် မြန်မာရွေ့ပြောင်း အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံရ၊ အနှိမ်ခံရတာတွေနဲ့ ပတ်သက်လို့ ကမ္ဘာသိအောင် ဖော်ထုတ်ဖို့အတွက်ဆိုပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ရှိနေတဲ့ မြန်မာသံရုံးရှေ့မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ သပိတ်မှောက်နေကြပါတယ်။
 
ထိုင်းနိုင်ငံသား ဒီမိုကရေစီ လှုပ်ရှားသူတွေနဲ့ မြန်မာအလုပ်သမားရေး လှုပ်ရှားသူတွေက အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဒီသပိတ်ကို ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။