အင်းတော်မြို့က ၃ ရက်ဆက်တိုက် တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးတယ်လို့ဆို

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ အနီးမှာ ၃ ရက်ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှာ ၃၀ ကျော်သေဆုံးခဲ့တယ်လို Indaw Revolution IR ကထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၆ ရက်ကစတင်ပြီး KIA၊KPDF၊ အင်းတော်pdf ပူးပေါင်းတပ်ဖွဲ့ များနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မနေ့ ဒီဇင်ဘာ ၁၈ ရက်အထိလည်း တိုက်ပွဲတွေဆက်ဖြစ်နေတာပါ။

” တိုက်ပွဲက ဆက်တိုက်ဖြစ်နေတာပါ။ သူတို့ဖက်က ထိခိုက်ကျဆုံးတွေကို သယ်နေတာ မြင်ရတယ်။ စစ်အုပ်စုက ထပ်မံအင်အားဖြည့်တင်းတာတွေလည်း လုပ်နေပါတယ် ” လို ဒေသကာကွယ်ရေး အဖွဲ့ဝင် တဦးကပြောပါတယ်။


နှစ်ဖက်တိုက်ပွဲအတွင်းမှာ ဒေသကာကွယ်ရေးအဖွဲ့ဖက်မှာလည်း ရဲဘော်တစ်ဦး ရင်ဘတ်ကျည်ထိမှန် ခဲ့တာကြောင့် ဆေးကုသမှုခံယူနေရတယ်လို့ Indaw Revolution IR ကဆိုထားပါတယ်။


စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ဆက်ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

ဒီအခြေအနေတွေကြောင့် ဂျုံးဂျုံးဂျရွာသစ်မှာနေအိမ်၆လုံးနဲ့ စားသောက်ဆိုင်၂ဆိုင်၊ ဂျုံးဂျရွာမမှနေအိမ်၁၁လုံး၊မအူကုန်းရွာမှ နေအိမ်အလုံး၂၀ နဲ့  ပိန်းအင်းရွာမှ နေအိမ်၁လုံး ဆုံးရှုံးထားတယ်လို ဆိုပါတယ်။


” အင်းတော်၊ ကသာ ၊ ထီးချိုင့်ဖက်က ရွာတွေမှာ စစ်ပွဲတွေဖြစ်နေတယ်။ စစ်အုပ်စုက နောက်ထပ်တိုးဝင်ရောက်တဲ့ အဖွဲ့တွေနဲ့ဖြစ်နေတာပေါ့။ ကသာ မိုးတားကြီးရွာနားမှာလည်း တိုက်ပွဲဖြစ်နေလို ဒေသခံတွေပြေးနေရတာရှိတယ် ” လို ကသာမြို့ဒေသခံတဦးကဆိုပါတယ်။


ဒါအပြင် အဲဒီဒေသတွေမှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်သောကြောင့်ဒေသခံတွေကို ကြိုတင်စစ်ဘေးရှောင်ခိုင်းထားရသလို လက်ရှိ ကျေးရွာ ၁၂ ရွာက စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ခန့်ရှိတယ်လို သိရပါတယ်။