ပုသိမ်ငဝန်မြစ်ကူးတံတားသစ်စီမံကိန်း ဒေသခံတွေဆန္ဒအတိုင်း ဆောင်ရွက်မည်

၇ ၊ ဒီဇင်ဘာ ၊၂၀၁၈ ။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့က ငဝန်မြစ်ကူးတံတားသစ်စီမံကိန်းရဲ့ စိန်ကုန်းကူးတို့ဆိပ်ဘက်ခြမ်း ဖျက်သိမ်းမြေကို ပေ ၈၀ သာ သတ်မှတ်မယ်လို့ လျှပ်စစ်၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ် ။ယခင်က လမ်းတဖက်ကို ၇၅ ပေ နှင့် စုစုပေါင်း ပေ ၁၅၀ အဖြစ်သတ်မှတ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့လို့ ဒေသခံတွေစိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့အပြီး အခုလို သတင်းမီဒီယာတွေကို အတည်ပြုဖြေကြားခဲ့တာ ဖြစ်ပါတယ်။