စိုက်ပျိုးစားရိတ်ချေးငွေ အချိန်မှီမရတာနဲ့ဆေးအိတ်ဈေးနှုန်းကြီးမြင့်တာကြောင့် တောင်သူတွေ အခက်ကြုံနေ

ဒီဇင်ဘာ ၊ ၇ ၊ ၂၀၁၈။

ဆောင်းစပါးစိုက်တောင်သူတွေအနေနဲ့ ဆောင်းစပါးစိုက်ပျိုးစားရိတ်ချေးငွေ အချိန်မှီမရတာတွေအပြင် ဆေးအိတ်တွေဈေးမြင့်မားမှုဒဏ်ကြောင့်အခက်အခဲနဲ့ကြုံတွေ့နေရတာပါ။

လက်ရှိမှာ စပါးဈေးအနေနဲ့ ပေါ်ဆန်းဈေး၁၀သိန်းနီးပါးရှိနေတာကြောင့် လယ်သမားကြီးတွေအနေနဲ့ ဆောင်းစပါးစိုက်ပျိုးဖို့အတွက် ခံသာနေပေမယ့် လယ်သမားငယ်တွေအတွက်ကတော့ အခက်အခဲနဲ့ကြုံတွေ့နေရတယ်လို့ စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ကျေးရွာအုပ်စု ၈၀ကျော်အတွက် စာရင်းပြုစုတဲ့နေရာမှာ တိုင်းအတွင်းမှာရှိတဲ့တောင်သူအင်အားထက် ဌာနရဲ့ဝန်ထမ်းနည်းပါးလွန်းတာကြောင့် စိုက်ဘဏ်ချေးငွေအတိုင်းအတာတစ်ခုထိ ကြန့်ကြာရတာလဲဖြစ်ပါတယ်။

လက်ရှိမှာစပါးဈေးတိုးမြှင့်သတ်မှတ်လိုက်ပေမယ့် စိုက်ပျိုးရေးအတွက် သွင်းအားစုဈေးနှုန်းတွေအဆမတန်ကြီးမြင့်လာတဲ့ပြဿနာနဲ့ကြုံတွေ့နေရပြီး အစိုးရအနေနဲ့သွင်းအားစုတွေဖြစ်တဲ့ ဓါတ်မြေသြဇာ၊ဆေးအိတ်စတဲ့ဈေးနှုန်းတွေ ထိန်းချုပ်ပေးဖို့လိုတယ်လို့ တောင်သူကြီးတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ဆောင်းစပါးစိုက်ပျိုးမယ့်တောင်သူတွေအနေနဲ့ စက်သုံးဆီဈေးနှုန်းကျဆင်းလာခြင်း၊စပါးဈေးနှုန်းထိုက်သင့်သလောက် မြင့်မားပေမယ့် လုပ်ငန်းတစ်ချို့တစ်ဝက် အဆင်ပြေပေမယ့် စိုက်ပျိုးစားရိတ်ချေးငွေကြန့်ကြာခြင်းနဲ့သုံးစွဲရမယ့် ဓါတ်မြေသြဇာနဲ့ဆေးအိတ်အပါအဝင် သွင်းအားစုတွေရဲ့ ဈေးနှုန်းကြီးမြင့်မှု ခက်အခဲတွေနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။