စစ်အာဏာသိမ်းပြီးနောက် မြန်မာ- အိန္ဒိယနယ်စပ် တမူးမြို့မှာ သစ်ခိုးထုတ်မှု သိသိသာသာမြင့်တက်လာပြီး တ ဘက်နိုင်ငံနယ်စပ် မိုရေးမြို့ဆီ တရားမဝင်တင်ပို့မှု များလာတယ်လို့ မြို့ခံတွေဆီက စုံစမ်းသိရပါတယ်။
တမူးမြို့ကနေတဖက်နိုင်ငံကိုတရားမဝင်သစ်တင်ပို့မှုအရင်ခေတ်အဆက်ဆက်ကတည်းက ရှိခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သစ်မှောင်ခိုလုပ်ငန်း အဆမ တန်ကြီးထွားလာတယ်လို့တမူးဒေသခံတွေကဆိုပါတယ်။
“တမူးမြို့တဝက်လောက်က ဒီသစ်အလုပ်ကို ပဲလုပ်နေ တယ်၊ ပြီးတော့တမူးအနီးကရွာအားလုံးနီးပါး ဒီသစ်ကို မလုပ်တဲ့ရွာမရှိဘူး၊ အခုခတ်ကာလကြီးမှာ စိတ်ကြိုက် လုပ်နေကြတော့တာပဲ” လို့ ဒေသခံတဦးကပြောပါတယ်။
မြန်မာနိုင်ငံနဲ့ အိန္ဒိယနိင်ငံ နယ်စပ်တလျှောက် သစ်မှော င်ခိုသယ်တဲ့ လမ်းပေါင်း ဆယ်ခုထက်မနည်းရှိပြီး အဲ့ဒီ လမ်းတွေဟာ မိုးရာသီကလွဲပြီး ကားသွား လာလို့ရတဲ့ လမ်းတွေဖြစ် တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံဘက်ကတရားမဝင်ခိုးထုတ်လာတဲ့သစ်မျိုးစုံကို အဲ့ဒီလမ်းကြောင်းတွေကတဆင့် တဘက်နိုင်ငံထဲ ဆယ်ဘီးကား၊ ဆယ့်နှစ်ဘီးကားတွေနဲ့ နေ့ စဉ်သယ်ယူ ပို့ဆောင်နေတယ်လို့ ဒေသခံတွေပြောပါတယ်။
“ကျန်တဲ့နေရာတွေထားဦး၊မင်းသမီးတောင်တခုထဲကနေတောင် တရက်ကို ကျွန်းသစ်ခွဲသားတွေတင်တဲ့ ကား အနည်းဆုံး ဆယ့်ငါးစီးဝန်းကျင်ထွက်နေတာ” လို့ ဒေသ ခံတဦးကပြောပါတယ်။
မှောင်ခိုလမ်းကြောင်းတွေကနေအိန္ဒိယနိုင်ငံဘက်ပို့နေတဲ့ သစ်အရေအတွက်ဟာတရက်ကိုကားအစီးရေသုံးဆယ်ထက်မနည်းရှိနိုင်တယ်လို့လည်းအဲ့ဒီ ဒေသခံက ဆိုပါ တယ်။
သစ်မှောင်ခိုပို့ဆောင်ရာမှာ မြန်မာနိုင်ငံဘက်က သက် ဆိုင်ရာအဖွဲ့တွေကို ပိုက်ဆံပေးရသလို အိန္ဒိယနိင်ငံ ဘက်ကလည်းသူတို့သက်ဆိုင်ရာတွေကိုပေးကြရတယ်လို့ သစ်မှောင်ခိုလုပ်ငန်းနဲ့ နီးစပ်သူတဦးကပြောပါတယ်။
မြန်မာနိုင်ငံဘက်က စစ်ကောင်စီဌာနဆိုင်ရာတွေ၊ ဂိတ် တွေကိုပိုက်ဆံပေးရတာဖြစ်ပြီး နောက်ထပ်ပေး ရတဲ့အဖွဲ့ အစည်းတချို့လည်းရှိတယ်လို့ဆိုပါတယ်။ နောက်ထပ် ပေးရတဲ့ အဖွဲ့အစည်းနာမည်တွေကို ပြောလိုတဲ့ဆန္ဒ မရှိ ဘူးလို့ သူကပြောပါတယ်။
လက်ရှိတမူးမြို့တဝိုက်မှာ စစ်ကောင်စီလက်အောပ်ခံ စစ်တပ်၊ရဲနဲ့ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရှိသလို အာ ဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက် နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေလည်းလှုပ်ရှားမှုရှိနေပါတယ်။
” ဒီကိစ္စကတော့ အများကြီးပြောစရာမရှိပါဘူးဗျ၊ သစ် မှောင်ခိုလုပ်ငန်းရှင်တွေက ကျွန်တော်တို့ကိုမပေးလည်း သူတို့ရအောင်ခိုးထုတ်နေကြတာဆိုတော့ ယူတဲ့အဖွဲ့က ယူပြီး လုံးဝမယူတဲ့အဖွဲ့လည်း ရှိမှာပါ၊အလှူငွေလို့ ခေါင်း စဉ်တပ်တာဆိုတော့ ကျွန် တော်တို့အနေနဲ့ လက်သင့်ခံ ကြရတာပါပဲ”လို့ဒေသခံတော်လှန်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။
တမူး ဒေသခံတွေကတော့ တမူးနယ်မှာ အခုလို သစ် တွေအလွန်အကျွံထုတ်ယူနေတာကြောင့် သစ်တော တွေအချိန်တိုအတွင်း မြန်မြန်ဆန်ဆန်ပြုန်းတီးမှာကို စိုးရိမ်နေကြပါတယ်။
“ဟိုအရင်ကအလုပ်အကိုင်အခွင့်အလမ်းရှားပါးလို့ ဝမ်း ရေးအတွက်တပိုင်တနိုင်လုပ်ကြတာလေးတွေကို နားလည်ပေးလို့ရတယ်၊ ပြသနာလည်းမကြီးဘူး၊ခုဟာက လုပ်ငန်းရှင်တစုက စိတ်ကြိုက်ထုတ် ယူပြီး လုပ်နေ တယ်၊တားဆီးပေးနိင်တဲ့အဖွဲ့က တား ဆီးပေးရင် အချိန် မီပါသေးတယ် “လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
တမူးခရိုင်အတွင်းမှာ သစ်တောဧက နှစ်သိန်းကျော်ရှိပြီး ကျွန်း၊ပျဉ်းကတိုး၊တမလန်း၊အင်ကြင်း၊အင်၊ကညင်အပါအဝင် တခြားသစ်တွေ ပေါက်ရောက်လေ့ရှိတယ်လို့ သစ်တောဦးစီးဌာနရဲ့အစီရင်ခံစာတရပ်မှာဖော်ပြထားပါတယ်။