ကရင်ပြည်နယ် မြဝတီမြို့မှာ အငှားယာဥ်မောင်းတဦး ကားအငှားလိုက်ရာက လုယက်သတ်ဖြတ်ခံရမှု အခုရက် ပိုင်းအတွင်းဖြစ်ခဲ့တယ်လို့ သေဆုံးသူရဲ့မိသားစုဝင်က DNA ကိုပြောပါတယ်။
မြဝတီမြို့မှာနေထိုင်တဲ့အငှားယဉ်မောင်းကိုဒဿဟာ ဒီ ဇင်ဘာ(၆)ရက် ညနေပိုင်းမှာ ကားအငှားလိုက်သွားရာက သတ်ဖြတ်ခံရတာဖြစ်ပြီးကားလည်းပျောက်ဆုံးနေတယ်လို့ မိသားစုဝင်ကပြောပါတယ်။
“အဲ့ဒီ့နေ့ညနေပိုင်းလောက်ကအမျိုးသားတစ်ဦး အ မျိုး သမီးနှစ်ဦးက ကံ့ကောင်တစ်ထောင်ဘုန်း ကြီး ကျောင်း ဘက်သွားဖို့ ကားငှားတာကို လိုက်ပို့တာ”ဟု သူကပြော ပါတယ်။
အဲ့ဒီလိုကားအငှားလိုက်သွားပြီးနောက် ညနက်ချိန်အ ထိ ပြန်ရောက်မလာတာကြောင့် မိသားစုက ဖုန်းဆက် မေး မြန်းချိန်မှာအောင်မြေရွှေဘုံဘက်ရောက်နေတယ်လို့ပြန်လည်ဖြေဆိုတယ်လို့ဆိုပါတယ်။
ဒါပေမယ့်မိသားစုကနောက်တကြိမ်ထပ်ဆက်သွယ်ရာမှာတော့ဖုန်းစက်ပိတ်သွားတယ်လို့သိရပါတယ်။အဲ့ဒီနောက် အငှားယာဥ်မောင်း ကိုဒသဟာ မိသားစုနဲ့နှစ်ရက်ကြာ အဆက်အသွယ်ပြတ်နေခဲ့ပြီး ဒီဇင်ဘာ (၈)ရက်မ နေ့ကမနက်ပိုင်းမှာတော့ ဓားဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ ရုပ်အလောင်းကို မြဝတီမြို့တောင်ဘက်က မချောလေး တောင်အနီးမှာပြန်တွေ့တယ်လို့သိရပါတယ်။
ကိုဒဿရဲ့ရုပ်အလောင်းပြန်တွေ့တာက မြဝတီရဲ စ ခန်းကမိသားစုဆီအကြောင်းကြားလာတာဖြစ်ပြီး သေဆုံးသူမောင်းနှင်သွားတဲ့ လိုင်စင်မဲ့ probox နက်ပြာရောင် ကားကတော့ပျောက်ဆုံးနေတယ်လို့ မိသားစုကပြောပါတယ်။
အဲ့ဒီလုာက်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးမိသားစုကသက်ဆိုင်ရာရဲစခန်းမှားအမှုဖွင့်ထားတယ်လို့သိရပါတယ်။လုယက်သတ်ဖြတ်ခံရတဲ့ကိုဒဿတို့မိသားစုဟာမြဝတီမြို့ကိုပြောင်းရွှေ့နေထိုင်အလုပ်လုပ်ကိုင်နေတာ ခြောက် နှစ်ဝန်းကျင်ရှိပြီလို့ သိရပါတယ်။