ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့နယ် ဒေသခံပြည်သူတွေက ဒီကနေ့ ဒီဇင်ဘာ (၈) ရက်က ကလေးမြို့နယ်အတွင်း တနေရာမှာ လူ့အခွင့်အရေးနဲ့ စစ်အာဏာရှင်တော်လှန်ရေး ဆက်နွယ်နေပုံကို အသိပေး လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှား လုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက “လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့ အဓိပ္ပါယ် ဒို့တော်လှန်မှရလိမ့်မယ်” ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။
ကလေးမြို့ပင်မသပိတ်အင်အားစုဟာ ဒီဇင်ဘာလဆန်းပိုင်းကစပြီး ကလေးမြို့နယ်အတွင်း ကျေးရွာတွေမှာ စစ်ကောင်စီကြောင့် ဆုံးရှုံးသွားရတဲ့ လူ့အခွင့်အရေးတွေအကြောင်း ဒေသခံတွေနဲ့ ဆွေးနွေးဟောပြောတာတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ်ကို နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ သပိတ်မှောက် ဆန္ဒပြလာတာ ရက်ပေါင်း (၆၇၀) ရက်ရှိခဲ့ပါပြီ။