ဗီနွန်စစ်ကြောင်းမှာ ကျဆုံးသွားတဲ့ ရဲဘော် ၇ ဦးအတွက် အထိမ်းအမှတ်နဲ့ ကုသိုလ်ပြုလုပ်

ကရင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်လတွေမှာဖြစ်ခဲ့တဲ့ ဥကရစ်ထတိုက်ပွဲနဲ့ ရွှေအေးမြိုင်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ VENOM စစ်ကြောင်းက ရဲဘော်၇ဦးအတွက် အထိမ်းအမှတ် အုတ်ဂူပြုလုပ်ပြီးကျဆုံးရဲဘော်တွေအတွက် အမိန့်ပြန်တမ်းနဲ့ ကောင်းမှုကုသိုလ်တွေကို နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်ပေးနေတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဇွန်လနဲ့ ဇူလိုင်လထဲမှာတော ဥကရစ်ထဝန်းကျင်မှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေတိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလည်း အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။

လက်ရှိမှာလည်း ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားကပဲ ကျဆုံးအာဇာနည်သူရဲကောင်းတွေကိုဂုဏ်ပြုဖို့အတွက် ကော်သူးလေတပ်မတော်၊ အထူးကွန်မန်ဒိုတပ်ရင်း တပ်ရင်းမှူး ၊ Tiger စစ်ကြောင်းမှူး ကျဝ့်အဲချမ်းနဲ့ တပ်ခွဲမှူးများ၊ အရာရှိ အရာခံရဲဘော်တွေ က ကျဆုံးရဲဘော်တွေအတွက် တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။

အသက်ပေးတိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို အခုထက်မက ဂုဏ်ပြုသင့်ပေမယ့် လက်ရှိ တိုက်ပွဲအခြေအနေကြောင့် အခုလိုအထိမ်းအမှတ်နဲ့ ကုသိုလ်ပြုတာသာလုပ်ပေးနိုင်တယ်လို့လည်း VENOM စစ်ကြောင်းက ထုတ်ပြန်ပြောဆိုထားပါတယ်။