ဝက်လက်အရှေ့ခြမ်းက နေရပ်စွန့်ခွာပြေးနေရတဲ့ စစ်ရှောင်တွေ

ပြီးခဲ့တဲ့ နိုဝင်ဘာလပထမပတ်ထဲမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့နှစ်ဖက်တိုက်ပွဲတွေကြား ဝက်လက်မြို့နယ် အရှေ့ခြမ်းက ရွာပေါင်း ၄ ရွာလောက်ဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ရွာ၄ ရွာက အိမ်ခြေ ၃၀၀ နီးပါးဟာ မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၁၀၀၀ လောက်ဟာလည်း အိုးမဲ့အိမ်မဲ့အဖြစ်နဲ့ စစ်ရှောင်နေရပါတယ်။