ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ မြို့ခံကျောင်းသားလူငယ်တွေပူးပေါင်းပြီး (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် နို၀င်ဘာ(၁၇) ရက်ဒီကနေ့မှာ ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြုပ်ကြ ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲသပိတ်ကျင်းပခဲ့ကြတယ်လို့သိရပါတယ်။
ကလေးမြို့ပင်မသပိတ်အင်အားစုဟာ အမျိုးသားနေ့မတိုင်မီရက်ပိုင်းအလိုကတည်းက အမျိုးသားအောင်ပွဲ နေ့အကြို စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲသပိတ်တွေဆက်တိုက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဟောပြောရာမှာ စစ်အာဏာရှင်အမြစ်ပြတ်ရေး၊ စစ်ကျွန်ပညာရေးကို ဆက်လက်သပိတ်မှေ ာက်ရေးတွေပါ၀င်ပြီး စစ်အာဏာရှင်အမြစ်ပြတ်ရေး ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြပါတယ်။
ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ကို ပျက်ရက်မရှိသပိတ်မှောက်လာတာ (၆၄၉) ရက်ရှိခဲ့ပြီ ဖြစ်ပါတယ်။