အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ အလုပ်သမားဝန်ကြီးဌာနအောက်က တိုင်ကြားရေးယန္တရားဆီကို မြန်မာရွေ့ပြောင်း အလုပ်သမားတွေက အမှုပေါင်း ၂၃ မှုတိုင်ကြားခဲ့ပြီး လက်ရှိမှာ ၆ မှုရှင်းပေးနိုင်ခဲ့ပြီလို့ ပြည်ပအလုပ်သမားရေးရာ စီမံခန့်ခွဲရေး ဉီးစီးဌာနက ကိုနိုင်ထွန်းဉီးက ပြောပါတယ်။
သူက “တိုင်စာတွေကတော့ အများကြီးလက်ခံရရှိပေမယ့် အလုပ်သမားနဲ့ပတ်သက်တာကတော့ ၂၃ မှုပါ၊ လက်ရှိမှာတော့ ပြည်တွင်းက အလုပ်သမားရေး ကိစ္စတွေကိုတော့ ဖြေရှင်းဖို့ မလွယ်သေးပါဘူး ” လို့ ဆိုပါတယ်။
တိုင်ကြားရေးယန္တရားကို ဖွင့်လှစ်ထားရှိတာ ၆ လတာ ကာလရှိပြီဖြစ်ပြီး အများဆုံး တိုင်ကြားလာမှုမှာ ထိုင်းနိုင်ငံရောက်မြန်မာရွေ့ပြောင်း အလုပ်သမားတွေရဲ့ ဉပဒေမဲ့ အလုပ်ထုတ်ခံရတာတွေ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ၁၇ မှုကို ဆက်လက်ဖြေရှင်းနေပြီး အမှု ၈ မှုက မြေပြင်မှာ ညှိနှိုင်းလို့ အဆင်မပြေတာကြောင့် တရားစွဲဆိုမှုတွေ ပြုလုပ်ထားကြောင်းနဲ့ ပြည်ပရောက် မြန်မာရွေ့ပြောင်း အလုပ်သမားတွေအနေနဲ့ တိုင်ကြားရေး ယန္တရားကို အချိန်မရွေး အကူညီတောင်းခံနိုင်တယ်လို့ ကိုနိုင်ထွန်းဉီးက ဆိုပါတယ်။