အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ဗမာပြည်သူ့လွတ်မြောက် ရေး တပ်မတော်(BPLA)တို့ဟာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံရေးအရလည်း အပြန်အလှန် လေး စားအသိအမှတ်ပြုမှုနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊အတွင်းဝန် ဦးနိုင်ထူးအောင်နဲ့ BPLAဘက်က ကွပ်ကဲရေးမှူး မောင် ဆောင်း ခ၊စခန်းမှူး ရိုးအံ့မင်းတို့ အောက်တိုဘာ (၂၆)ရက် မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးပေါင်းဆောင်ရွက် မှုတွေလုပ်ဖို့ သဘောတူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA အနေနဲ့ အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒတိုက်ဖျက် ရေး အတွက် ဘုံရန်သူတူညီတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲဆောင်ရွက်သွားဖို့ရှိတယ်လို့ BPLA ကွပ်ကဲရေးမှူး မောင် ဆောင်းခက NUG ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ DNA ကိုပြောပါတယ်။
“လက်ရှိ NUG နဲ့လည်း အခုလို ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှုတွေ ဖန်တီးတည် ဆောက်နိုင်ခဲ့တာ နှစ်ဦးနှစ်ဖက်စလုံးအတွက်ရော တော်လှန်ရေးအတွက်ပါ အများကြီး အကျိုးဖြစ်ထွန်း စေ လိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့မောင်ဆောင်းခကပြောပါတယ်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုအတွင်း လက်ရှိတော်လှန်ရေးကာလမှာဆောင်ရွက်နေတဲ့ ကိစ္စတွေ၊NUGရဲ့ အခန်း ကဏ္ဍနဲ့ အနာဂတ်ပြည်ထောင်စုဆိုင်ရာ စဉ်းစားချက်တွေကို အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ NUG ကာကွယ် ရေးဝန်ကြီးဌာနကဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)ဟာ လက်ရှိ တော်လှန်ရေးတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေပေမယ့် NUG လက်အောက် ဝင်ရောက်ခြင်းမရှိဘဲ သီး ခြားလက်နက်ကိုင်တပ်ဖွဲ့တခုအဖြစ် ရပ်တည်နေတာပါ။
BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခဟာ NLD ပါတီ လူငယ်ပါတီဝင်ဟောင်းတဦးဖြစ်သလို နိုင်ငံရေး တက်ကြွ လှုပ်ရှား သူနဲ့ လူငယ်ကဗျာဆရာတဦးလည်းဖြစ်ပါတယ်။