ပုလဲမြို့ ပအဖ ရုံးနဲ့ပုလဲတပ်ရင်း (၁) တပ်ခွဲ တစ်ခုကို စစ်တပ်က ရဟတ်ယာဥ်သုံးစီးနဲ့ စီးနင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်ကပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးနဲ့ ပုလဲတပ်ရင်း (၁)တပ်ခွဲတစ်ခုတို့ကို စစ် ကောင်စီက အောက်တိုဘာ ၂၅ရက် ညနေပိုင်းမှာ ရဟတ်ယာဥ်တွေနဲ့ဝင်ရောက်စီးနင်းခဲ့တယ်လို့ Royal Eagle People Defence Force အဖွဲ့ ပြန် ကြားရေးတာဝန်ခံက DNAကိုပြောပါတယ်။
အဲဒီလို စီးနင်းခံရပေမယ့် ကာကွယ်ရေး တပ်ဖွဲ့ဝင် တွေ တိမ်းရှောင်နိုင်ခဲ့လို့ အထိအခိုက်မရှိခဲ့ဘဲ ကာ ကွယ်ရေးတပ်ဖွဲ့ကဖမ်းမိထားတဲ့ ပျူစောထီး ၊စစ်ကောင်စီသတင်းပေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေစုစုပေါင်း (၂၅)ဦးဝန်းကျင်ကို စစ်တပ်ကပြန်ခေါ်သွား တယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရဟတ်ယာဥ် သုံးစီး၊ လူအင်အား (၁၂၀)ဝန်းကျင်နဲ့ စခန်းကို ဝင်ရောက် စီးနင်းခဲ့တာဖြစ်ပြီး ပြန်ထွက်သွားချိန်မှာ တပ်ရင်း (၁) ရဲ့အနောက်ဘက်က စခန်းငယ်တစ်ခုကို ဖျက် ဆီးသွားတယ်လို့ ဆိုပါတယ်။
စီးနင်းခံရချိန်မှာတပ်ရင်း (၁)ရဲ့ရဲဘာ်တချို့ ပိတ်မိခဲ့ ပေမယ့် ဒီကနေ့အောက်တိုဘာ( ၂၆)ရက်မန က်ပိုင်း မှာတော့ အဆက်အသွယ်ပြန်ရ ခဲ့ပြီလို့သိရပါတယ်။
“အခုဟာ သူတို့ဘက်က လေကြောင်းကိုပဲ သုံးပြီး စခန်းကိုဝင်စီးခဲ့တာဆိုတော့ အဖွဲ့တွေအနေနဲ့စစ် ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကို သတိထား စေချင်တယ်”လိို့ Royal Eagle People Defence Force အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါ တယ်။
လက်ရှိ အောက်တိုဘာ ၂၆ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ ဖလမ်းရွားကို ဝင် ရောက် ပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင် နေတယ်လို့ Royal Eagle People Defence Force အဖွဲ့ရဲ့ ပြန် ကြားရေးတာဝန်ခံက ပြောပါတယ်။
ပုလဲ ပအဖရုံးကို လေကြောင်းက စီးနင်းတိုက်ခိုက် ခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီထုတ်ပြန် ချက်မှာ တော့ ဂန့်ဂေါနယ်က စစ်ကောင်စီအရာရှိတဦးရဲ့ဇနီး မုံရွာနဲ့ကျောမြို့ကြားမှာ ဖမ်းဆီးခံခဲ့ရတာကို ပြန် လည်ကယ်တင်တဲ့ စစ်ဆင်ရေးအဖြစ် ဖော်ပြပါ တယ်။
အဲ့ဒီစီးနင်းမှုအတွင်း စစ်ကောင်စီဘက်ကအရာရှိရဲ့ ဇနီးအပါအဝင် (၂၆)ဦးကိုကယ်တင်နိုင်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တွေမှာဖော်ပြ ထားပါတယ်။