PDF အယောင်ဆောင်လာတဲ့စစ်တပ်သတ်ဖြတ်လို့ PDF တပ်ဖွဲ့ဝင်ကိုးဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင် စီတပ်က PDF အယောင်ဆောင်ပြီး စီးနင်းတိုက် ခိုက်လို့ PDF တပ်ဖွဲ့ဝင် ကိုးဦးကျဆုံးပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို့ မုံရွာခရိုင်တပ်ရင်း – ၁၃ (အောင်ဆန်းမျိုးဆက်)က ထုတ်ပြန်ပါတယ်။

မုံရွာခရိုင်တပ်ရင်း – ၁၃ (အောင်ဆန်းမျိုးဆက်)ရဲ့ ယာယီခေတ္တတည်းခိုရာနေရာကို အောက်တိုဘာ (၂၁)ရက်၊မနက် ငါးနာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား တရာဝန်းကျင်က PDF တပ်ဖွဲ့အယောင်ဆောင်လာပြီး ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို တိုက်ခိုက်ခံရလို့ တိုက်ပွဲတခုက ပြန်ပြီးခေခဏနားနေတဲ့ မုံရွာခရိုင်တပ်ရင်း – ၁၃ (အောင်ဆန်းမျိုးဆက်)ကတပ်ဖွဲ့ဝင် ရှစ်ဦးနဲ့ပခုက္ကူခရိုင်တပ်ရင်း (၂)က တပ်ဖွဲ့ဝင် တစ်ဦး တို့ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် တ​ခြားတပ်ဖွဲ့ဝင်နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့လို နှစ်ဦးကတော့ပျောက်ဆုံးနေလို့ လိုက်လံစုံစမ်းနေတယ်လို့ မုံရွာခရိုင်တပ်ရင်း – ၁၃ (အောင်ဆန်းမျိုးဆက်) က ဆိုပါတယ်။

စစ်ကောင်စီတပ်က PDF တပ်ဖွဲ့ရဲ့ ယာယီတည်းခိုရာနေရာကို စီးနင်းတိုက်ခိုက်ပြီးနောက် စခန်းကို မီးရှို့ခဲ့သလို စခန်းအနီးက ရွှေလှံရွာကိုလည်း မီးရှို့ဖျက် ဆီးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီလိုမီးရှို့ရာမှာ စစ်ကောင်စီက သတ်ဖြတ်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတဦးတို့ကိုလည်း တပါးတည်း မီးထည့်ရှို့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုလို တိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင်တေ်ကျဆုံးတဲ့အ​ငြ် ငွေသားနဲ့ပစ္စည်း ပျက်စီးဆုံးရှုံးမှုဟာ ခန့်မှန်းတန်ဖိုး သိန်း ၆၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ဆိုပါတယ်။

အခုအခြေအနေနဲ့ပတ်သက်ပြီး DNAသတင်းဌာနက မုံရွာခရိုင်တပ်ရင်း – ၁၃ (အောင်ဆန်းမျိုးဆက်) ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရရှိသေးပါဘူး။