ယင်းမာပင်နဲ့ပုလဲမြို့ အစပ် ရင်ပေါင်တိုင်ရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် လေကြောင်း က ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ယင်းမာပင်နဲ့ ပုလဲမြို့ အစပ် က ရင်ပေါင်တိုင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒီကနေ့ မနက် ပိုင်းမှာ လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ပြီး ရွာအတွင်းစီးနင်း တပ်စွဲထားတယ်လို့ ယင်းမာပင်မြို့နယ် သတင်း မှန်ပြန်ကြားရေး အဖွဲ့တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
“အခုရင်ပေါင်တိုင်ကျေးရွာထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲထားတယ်လို့ သိရပါတယ်၊ ပစ်ခတ်မှုမှာ ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးပါဘူး “ လို့ သူကပြောပါတယ်။
စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးနဲ့ ထောက်ပို့ရဟတ်ယာဉ်နှစ်စီးက ရင်ပေါင်တိုင်ကျေးရွာကို လေ ကြောင်းကနေပစ်ခတ်တိုက်ခိုက်တာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ချထားတာတွေလုပ်ခဲ့တာဖြစ်တယ်လို့ သိရ ပါတယ်။
အဲ့ဒီလို စီးနင်းတိုက်ခိုက်မှုတွေကြောင့် လက်ရှိမှာ ရင်ပေါင်တိုင်ရွာခံတွေအပါအဝင် အနီးဝန်းကျင် ကျေးရွာ တွေက ဒေသခံတွေ တိမ်းရှောင်နေရပြီး ရင်ပေါင်တိုင်ကျေးရွာအနီးက ဘုန်းကြီးကျောင်းတခုထဲ ပိတ်မိနေ သူတွေလည်း ရှိ တယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဆိုပါတယ်။
ရင်ပေါင်တိုင် ကျေးရွာပတ်ဝန်းကျင်မှာ လတ်တလော တိုက်ပွဲဖြစ်နေတာမရှိဘဲ ဘာကြောင့် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ပြီး စီးနင်းတယ်ဆိုတာ အတိအကျမသိရပေမယ့် ဆေးရုံကထိန်ခင်းတာကို သတင်းရလို့ တိုက် ခိုက်တာဖြစ်နိုင်တယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ရင်ပေါင်တိုင်ကျေးရွာ ဒေသတဝိုက်ဟာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ် လေ့ ရှိတဲ့ ဒေသတခုဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း စစ်ကောင်စီက အခုလိုပဲ လေကြောင်းက ပစ်ခတ် တိုက်ခိုက်လို့ ဒေသခံတွေတိမ်းရှောင်ခဲ့ကြရပါသေးတယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း ဒေသခံ (၂၀)ဝန်းကျင်လောက်သေဆုံးခဲ့တဲ့အပြင် လူနေအိမ်အများအပြားလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေက ပြောဆိုထားပါတယ်။