ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းကိုရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ အောက်တိုဘာ (၁၈) ရက် မ နက်ပိုင်းမှာ ရွာထဲကလူနေအိမ်တွေနဲ့ စျေးဆိုင်တွေကို မွေနှောက်ဖျက်ဆီးပြီး ပစ္စည်းတွေကို ကားနဲ့တိုက်ယူ သွား ကြတယ်လို့ ရွာခံတွေဆီက DNA ကိုပြောပါတယ်။
“စခန်းကနေရွာထဲမလာခင်မှာ သေနတ်ကိုအတွဲလိုက်ဖောက်ပစ်သေးတာ၊တိတ်တိတ်လေးနေကြရတာ၊ စျေးဆိုင် တွေကနေ ပစ္စည်းတွေကားန(နဲ့) တိုက်ယူကြတာ ကားတောင်မဆန့်ဘူး၊ပစ္စည်းယူယုံတင်မကဘူး မှန်ဘီရိုတွေ ရောရိုက်ခွဲထားခဲ့တာ” လို့ ကန်ရွာခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့ကနေ ကန်ရွာကိုအလာလမ်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက စောင့် ကြိုတိုက်ခိုက်တာခံခဲ့ရပြီး အထိနာခဲ့တယ်လို့ဆိုပါတယ်။
ဂန့်ဂေါ မြောက်ခင်ရန်းရွာက ပျူစောထီးတွေလည်းပါဝင်တဲ့ အဲ့ဒီစစ်ကြောင်းကို ဒေသခံပူးပေါင်းတပ်တွေက အောက်တိုဘာ (၁၇)ရက်မှာ နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက ရှစ်ဦးသေကာ အများအပြား ဒဏ်ရာ ရခဲ့ တယ်လို့ ယောကာကွယ်ရေးတပ် YDF ကထုတ်ပြန်ထားပါတယ်။
ရွာမှာစစ်ကြောင်းရောက်နေတာကြောင့် လက်ရှိမှာ ကန်ရွာတောင်ပိုင်းက ပြည်သူတွေ ဘေးလွတ်ရာကို တိမ်း ရှောင်နေကြရပြီး တစ်ရွာလုံးနီးပါးအိမ်ထဲကနေအိမ်ပြင်မထွက်ဘဲနေကြရတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။ ကန်ရွာဟာ ဂန့်ဂေါမြို့နယ်တောင်ပိုင်းက အိမ်ခြေတထောင်ကျော်ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။