မုံရွာမြို့မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်က တဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ဘိုးဘွားရိပ်သာ တောင်ဘက်အနီးမှာ အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ် ရေး တပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်က တဦးသေတယ်လို့ မုံရွာအခြေစိုက် Golden Eagle Force – Monywa က သတင်းထုတ်ပြန်ပါတယ်။

မုံရွာမြို့ ဘိုးဘွားရိပ်သာအနီး လမ်းတ​​နေရာမှာ မနေ့က အောက်တိုဘာ (၁၆)ရက် ညနေပိုင်းမှာ မိုင်းထောင်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိပ် တိုက်တိုးတာကြောင့် အပြန်အလှန်ပစ်ခတ်ခဲ့ရပြီး စစ်ကောင်စီတပ်သားတယောက် ဦးခေါင်းထိမှန်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

“ကားလာမယ် သတင်းရလို့ မိုင်းထောင်နေတဲ့အချိန် မိုင်းထောင်လို့မပြီးခင် ခွေးကားတွေရောက်လာတော့ မြင်သွားပြီး ပစ်ခံရတာပါ” လို့ Golden Eagle Force – Monywa ပြန်ကြားရေး တာဝန်ခံက DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကပစ်ခတ်မှုကြောင့် မိုင်းနဲ့ အဝေးထိန်းပစ္စည်းတွေဆုံးရှုံးခဲ့ရပေမယ့်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ကျန်ခဲ့တဲ့ပစ္စည်းတွေကတော့ ကာလတန်ဖိုး ခြောက်သိန်းဝန်းကျင်လောက်ပါ၊ ဆုံးရှုံးမှုမများပေမယ့် ပြည်သူတွေလှူထားတဲ့ပိုက်ဆံတွေနဲ့ ဝယ်ထားရ တာမို့ နှမြောမိတယ်ဗျ” လို့ Golden Eagle Force – Monywa ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

Golden Eagle Force အနေနဲ့ မုံရွာမြို့နဲ့ အနီး တဝိုက်မှာ စစ်အာဏာရှင်ကိုတော်လှန်ရေး လှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး အောက်တိုဘာ (၁၅) ရက်ကလည်း မုံရွာမြို့အဝင် စက်မှုလမ်းခွဲအနီးမှာ သံချပ်ကာစစ်ကောင်စီကားနှစ်စီးကို မဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီး မိုင်း ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။