နှစ်လနီးပါး လျှပ်စစ်မီးပျက်နေတဲ့ မြဝတီမှာ မီးပြန်လာချိန် ကုမ္ပဏီကြေးလို့ဆိုပြီး ပိုက်ဆံကောက်

ကရင်ပြည်နယ် မြဝတီမြို့မှာ နှစ်လနီးပါးကြား လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီးနောက် မီးပြန်ရတဲ့ အောက်တိုဘာ (၁၃)ရက်မှာ ကုမ္ပဏီကြေးလို့ဆိုကာ မီးသုံးတဲ့အိမ်တအိမ် ငွေကျပ် နှစ်ထောင်စီ ရပ်ကွက်ရုံးတွေက လိုက်လံ ကောက်ခံနေတယ်လို့ မြို့ခံတွေကပြောပါတယ်။
“လာပြောတာကတော့ ကုမ္မဏီကြေး နှစ်ထောင်တဲ့၊ လစဉ်ကြေးကတော့သပ်သပ်ပေးရမယ်တဲ့၊ ရပ်ကွက်ထဲမှာ တောင် မီးလာတဲ့အိမ်လာတယ်၊ မလာတဲ့အိမ်မလာဘူး၊ မြို့ထဲမှာလည်း လာတဲ့နေရာကလာတယ်၊ မလာတဲ့နေ ရာကမလာသေးဘူး၊ ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အရင်က အခုလိုပိုက်ဆံကောက်ခံတာတွေမရှိပေမဲ့ အခုမီးပြန်လာချိန်မှာတော့ ရပ်ကွက်ထဲက ရာအိမ်မှူးနဲ့ EPC ရုံးကလူတွေက မီးလာတဲ့အိမ်တွေကို တအိမ်တက်ဆင်း ပိုက်ဆံလိုက်ကောက်တာဖြစ်တယ်လို့ သိရပါတယ်။
အခုလိုပိုက်ဆံလိုက်ကောက်နေပေမဲ့ မြဝတီမြို့ရဲ့တစ်ချို့နေရာတွေမှာ အခုထိမီးမလာသေးသလို မီးလာတဲ့ နေ အိမ်တချို့မှာလည်း မီးအားရုတ်တရပ်ဆောင့်တက်သွားတာကြောင့် လျှပ်စစ်ပစ္စည်းတွေပျက်စီးသွားတယ်လို့ သိရ ပါ တယ်။
အိမ်က ရေမော်တာတွေ၊ မီးချောင်းတွေအကုန်လောင်ကုန်တာ၊ မီးအားက ရုတ်တရပ်ကြီး၃၀၀ဗို့လောက် ဆောင့် တက်သွားတာ၊ လန့်ပါလန့်တယ် ရုတ်တရက်ကြီးဆိုတော့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မီးရုတ်တရပ်လာပြီး မီးအားဆောင့်တက်သွားတာကြောင့် မြဝတီရဲစခန်းရှေ့က ဓာတ်မီးတိုင်လည်း မီးထလောင်ခဲ့ တယ်လို့ သိရပါတယ်။