မိုင်းဆင်ဖို့သွားတဲ့ မုံရွာဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ်နှစ်ဦးကို စစ်ကောင်စီကဖမ်းဆီးသတ်ဖြတ်

မုံရွာ – မန္တလေးလမ်းကမှာ မိုင်းဆင်ဖို့ထွက်ခွာသွားတဲ့ တပ်ဖွဲ့ဝင်နှစ်ဦးကို အောက်တိုဘာ (၉) ရက်နေ့မှာ စစ် ကောင်စီကဖမ်းဆီးသတ်ဖြတ်တာခဲ့တယ်လို့ မုံရွာဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။
အဲ့ဒီတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးဟာ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ဖို့ မိုင်းသွားဆင်ချိန်မှာ စစ်ကောင်စီ တပ်နဲ့တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာဖြစ်တယ်လို့ဆိုပါတယ်။
“ကျွန်တော်တို့ရဲဘော်အလောင်းကိုပြန်မရလိုက်ဘူး၊စခတွေယူသွားကြတယ်” လို့ ပြန်ကြားရေး တာဝန်ခံက ပြော ပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရတဲ့တပ်ဖွဲ့ဝင်တွေဟာ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်( Chindwin Attack Force) တပ်ရင်း -၂ တပ်ခွဲ -၂ Monywa Special ဒိတ်ဒိတ်ကျဲအဖွဲ့က အသက်(၂၀)အရွယ်၊ကိုစည်သူမောင် (ခ)သော်က နဲ့ အသက်(၁၈)နှစ်အရွယ် ကိုသက်ဇော်ဦး (ခ) ယက္ခတို့ဖြစ်တယ်လို့သိရပါတယ်။
တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးမှုနဲ့ပတ်သက်ပြီး တပ်ရင်းအားလုံး မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရပြီး ကျဆုံးသွား တဲ့တပ်ဖွဲ့ဝင်တွေ ဆောင်ရွက်နေတဲ့ အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးကို ကျန်တပ်ဖွဲ့ဝင်တွေက ဆက်လက် ထမ်းဆောင်သွားမှာဖြစ်တယ်လို့Chindwin Attack Force ကထုတ်ပြန်ထားပါတယ်။