လောင်းလုံးမြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ အမျိုးသားတဦး သတ်ဖြတ်ခံရ

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာမှာ မူးယစ်ဆေးဝါးဒိုင်အဖြစ် ဝင်ငွေ ရှာနေတဲ့ စစ်ကောင်စီလက်အောက်ခံပျူစောထီးအဖွဲ့ဝင်ဇော်ဝင်းရှိန်ဆိုသူကို သတ်ဖြတ်ခဲ့တယ်လို့ လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ (၉)ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီလက်အောက်ခံပျူစောထီး ဇော်ဝင်းရှိန်ဆိုသူကို အောက်တိုဘာ (၈)ရက်ညပိုင်းမှာ သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး ငွေကျပ် (၁၄)သိန်း ၊ သေနတ် နှစ်လက် ၊ ကျင်စက် ၊ ဓါး နဲ့ မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်းတွေကို သိမ်း ဆည်းရမိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပက်သက်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို DNA ကဆက်သွယ်မေးမြန်းထားပေမဲ့ အ ဆက်သွယ် မရသေးပါဘူး။လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ပျူစောထီးနဲ့ စစ်ကောင်စီ လက် အောက်ခံဆိုသူတွေကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို လောင်းလုံး-ပ.က.ဖ ၊ ထားဝယ်-ပ.က.ဖ နဲ့ T-PDF အဖွဲ့တွေပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ် တယ်လို့သိရပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ ည ရှစ်နာရီကနေ မနက် သုံးနာရီအတွင်း အပြင်မထွက်ဖို့ ၊စစ်ကောင်စီ တပ် ဖွဲ့ဝင်တွေ ၊ပျူစောထီးအဖွဲ့တွေကို ဝေးဝေးကရှောင်ဖယ်နေကြဖို့ အဲ့ဒီအဖွဲ့က တိုက်တွန်းတောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေဟာ လောင်းလုံး မြို့နယ်အတွင်း ကကျေးရွာတွေမှာ ဒေသခံပြည်သူတွေကိုဒုက္ခပေးနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ဆိုသူ (၁၀)ဦးထက်မနည်းကို တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။