ဒီကနေ့ အောက်တိုဘာလ ၉ရက် သီတင်းကျွတ်လပြည့်နေမှာ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်မှာ “အရေးတော်ပုံအောင်ရမည်”ဆိုတဲ့ စာသားကိုင်စွဲပြီး လူထုလှုံဆော်မှု ပြုလုပ်ခဲ့တယ်လို့ Yangon Revolution Force – YRF က ထုတ်ပြန်ပါတယ်။
ဘုရားရင်ပြင် ၊ မုခ်ဦးနဲ့ ဂိတ်ဝတွေမှာ လုံခြုံရေးတင်ကြပ်ထားတဲ့ အခြေအနေကြားထဲက အခုလိုလှုပ်ရှားခဲ့ကြတာလို့ ဆိုပါတယ်။
အခုလို အများပြည်သူကြားထဲမှာ ပြုလုပ်တာဟာ လုထုအားကို မုချယုံကြည်တာကြောင်းဖြစ်ပြီး လူထုအခြေပြုတော်လှန်နေတဲ့ အရေးတော်ပုံကြီး အောင်မှာသာ အားလုံးရဲ့ တောင်းဆုတွေပြည့်မယ်ဆိုတာ သတိပေးချင်တာကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယခုကဲ့သို့ အများပြည်သူများအလယ်တွင် ကြိုးစားပုံဖော်ခဲ့ရခြင်းမှာ လူထုအားကို မုချ ယုံကြည်၍ဖြစ်ပြီး တစ်နည်းအားဖြင့် ဤလူထုအခြေပြုတော်လှန်နေသည့် “ ဤအရေးတော်ပုံကြီး အောင်မှသာလျှင် “ ကျွန်ုပ်တို့အားလုံး၏ အိမ်မက်များ ၊ တောင်းဆုများ ပြည့်ဝမည်သာဖြစ်ကြောင်း သတိချပ်စေသောကြောင့်ပင်ဖြစ်၏ ။
ဒီလှုပ်ရှားမှုကို Yangon Revolution Force – YRF ၊ Soft Strike Community ရဲ့ လူငယ်ရဲဘော်တွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဦးဆောင်ကျင်းပတဲ့ သီတင်းကျွတ်ပွဲတော်တွေကို မပူးပေါင်းကြဖို့ တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းထားကြပါတယ်။