မရမ်းကုန်း ဦးဘဟန်လမ်းမှာ ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်ခတ်ခံရ

မရမ်းကုန်းမြို့နယ်၊သမိုင်း (၂)ရပ်ကွက်၊ဦးဘဟန်လမ်းမှာ ဒေသခံတွေကြား ဒလန်လို့ သတ်မှတ်ခံထားရတဲ့ ရာ အိမ်မှူးတဦး ဒီကနေ့ အောက်တိုဘာ ၈ရက် ညခြောက်နာရီဝန်းကျင်မှာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခံရတယ်လို့ အဲ့ဒီ ရပ်ကွက် မှာနေ ထိုင်သူ တွေက DNAကိုပြောပါတယ်။
“သေသွားပြီလို့လည်းပြောနေကြတယ်၊သူက ရပ်ကွက်ထဲမှာ ဒလန်လုပ်လို့ဆိုပြီး လူပြောသူ ပြောတော့များတယ်၊ ဒါပေမယ့် သူတကယ်ပဲဒလန်လုပ်တယ်ဆိုတာ ဟုတ်၊မဟုတ်တော့ကျွန်တော်တို့လည်း အတိအကျမသိဘူး” လို့ မ ရမ်းကုန်း(၂)ရပ်ကွက် ဦးရေခဲလမ်းအနီးမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
ပစ်ခတ်ခံရသူဟာ (၂)ရပ်ကွက်က ရာအိမ်မှူး သန်းအေးဆိုသူဖြစ်ပြီး နားထင်ကိုထိမှန်ခဲ့တဲ့အတွက် နေရာမှာပဲ ပွဲ ခြင်းပြီးသေဆုံးခဲ့တယ်လို့လည်း ကန်လေးစုလမ်းနေ ဒေသခံတစ်ချို့ကပြောပါတယ်။အဲ့ဒီအခြေအနေနဲ့ ပတ် သက်လို့ DNA အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ရာအိမ်မှူး သန်းအေး ပစ်ခတ်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်တွေရောက်ရှိလာပြီး ဦးဘဟန်လမ်းမကြီး တ လျှောက်ပိတ်ဆို့စစ်ဆေးတာတွေ၊အနီးဝန်းကျင်ကိုစုံစမ်းမေးမြန်းတာတွေလုပ်ဆောင်ခဲ့တယ်လို့လည်း ဒေသခံ တွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေက ဖြစ်စဥ်ဖြစ်ပွားရာ (၂)ရပ်ကွက်ကို မီးဖြတ်တောက်ထားတယ်လို့လည်း သိရပါ တယ်။အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာ ထုတ်ပြန်တာ မရှိသေးပါဘူး။
မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်မှာပဲ ရာအိမ်မှူးတဦး ပစ်ခတ်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းဖြစ်ခဲ့ပါသေးတယ်။ဇူလိုင်လအတွင်း ပစ်ခတ်သတ်ဖြတ်ခံရသူဟာ အဲ့ဒီရပ်ကွက်က ရာအိမ်မှူး ဦးမောင်လတ်ဆိုသူဖြစ်ပါတယ်။