စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီ ထောက်ပို့ရေယာဉ်အုပ်စုကို အောက်တိုဘာ (၄)ရက် မနေ့က ဒေသခံကာကွယ်ရေး မဟာမိတ်တပ်တွက ပူးပေါင်း တိုက်ခို က်ခဲ့ပြီး ထိခိုက်မှုများနိုင်တယ်လို့ တိုက်ခိုက်ရာမှာပါဝင်တဲ့ အဖွဲ့တွေကထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရိက္ခာ၊ လေယာဉ်ဆီ၊ စစ်သုံးပစ္စည်းနဲ့ စစ်သားတွေ တင်ဆောင်လာတဲ့ စစ်သင်္ဘောတစ်စီး အပါအဝင် အမြန်ယာဉ်၊ ဖလက်(တွဲတန်းသင်္ဘော) ၁၄ စီး ပါဝင်တဲ့အုပ်စုကို ဒေသခံမဟာမိတ်တပ်တွေက ချင်းတွင်းမြစ်တစ်လျှောက်က နေရာ သုံးခုမှာ တိုက်ခိုက်ခဲ့ကြတာပါ။
သူတို့ဆီက စစ်သင်္ဘောကြီးတစ်စီးပါတယ်ဗျ၊ အဲ့ဒီအပေါ်ကနေ အမြောက်တွေနဲ့ပြန်ပစ်တယ် ဖလက်ခွံတွေပေါ် ကလည်း လက်နက်ကြီး လက်နက်ငယ်နဲ့ ပြန်ပစ်တယ်” လို့ Spring Guerrilla Platoon တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက DNA ကို ပြောပါတယ်။
အဲ့ဒီလို အပြန်အလှန်ပစ်ခတ်ခဲ့တာ နှစ်ဖက်တိုက်ပွဲဟာ သုံးနာရီနဲ့ လေးနာရီဝန်းကျင်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးမှုများနိုင်ပေမယ့် အတိအကျတော့ မသိရသေးဘူးလို့ သူကပြော ပါတယ်။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ တပ်ဖွဲ့ဝင်တဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲကြောင့် အနီးတဝိုက်ရွာတွေက လူဦးရေ ထောင်ဂဏန်းလောက် စစ်ဘေးရှောင်ခဲ့ရပြီး တိုက်ပွဲအပြီး မှာ တော့ ရွာထဲကိုပြန်လည်ဝင်ရောက်နေထိုင်ကြတယ်လို့ သိရပါတယ်။ တိုက်ပွဲကို Spring Guerrilla Platoon (နွေဦးပြောက်ကျားတပ်စု) နဲ့ ညီနောင်မဟာမိတ်တပ်တွေ၊ ဒေသခံမဟာမိတ်တပ်တွေနဲ့အတူ တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲကုန်ကျစရိတ်ဟာ ပါဝင်တဲ့ အဖွဲ့တိုင်းအတွက် အနည်းဆုံး ကျပ် ဆယ်သိန်းကျော်နဲ့ အများဆုံး ရာဂဏန်း အထိရှိနိုင်တယ်လို့ နွေဦးပြောက်ကျားတပ်စုက ဆိုပါတယ်။
ချင်းတွင်းမြစ်တစ်လျှောက်မှာ သွားလာလေ့ရှိတဲ့ ပြည်သူတွေကိုတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက အ ထက်ကိုဆန်တက်ဖို့ တားဆီးထားတာတွေရှိနေပြီး ချင်းတွင်းမြစ်ကိုစုန်ဆင်းလာမယ့် ပြည်သူတွေကိုတော့ စစ် ကောင်စီယာဉ်တန်း အထက်ကိုရောက်မှ စုန်ခွင့်ပေးတယ်လို့ သိရပါတယ်။
ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီရေယာဉ်တန်းဟာ အခုလအတွင်း နှစ်ရက် ဆက် တိုက် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး အောက်တိုဘာ(၃)ရက်ကလည်း ဒေသခံကာကွယ်ရေး မဟာမိတ် တပ်ဖွဲ့တွေ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေအထိနာခဲ့ပြီး ကာကွယ်ရေးရဲဘော်တွေဘက်က တစ်ဦး ကျဆုံးကာ သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေအရ သိရပါတယ်။