ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့နယ်ပြည်သူတွေဟာ အောက်တိုဘာလ (၃) ရက်နေ့ နေ့လယ်ပိုင်း မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဝန်းရံပြီး “၅၀၀၀ စားမဟုတ်တဲ့ ၅/တွေ” ဆိုတဲ့ စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ကလေးမြို့နယ်သပိတ်စစ်ကြောင်းဟာ ရက်ပေါင်း ခြောက်ရာကျော်တဲ့တိုင် ပြည်သူပါဝင်အားကောင်း နေဆဲဖြစ် တယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
” တော်လှန်ရေးအပေါ်သွေးမအေးနိုင်ဘူး၊ကြာလေ တော်လှန်ရေးစိတ်ဓာတ်ပိုမာကြောလာလေပဲ” လို့ သပိတ်မှာ ပါဝင်တဲ့ပြည်သူတစ်ဦးကပြောပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကိုသပိတ်မှောက်လာတာ ရက်ပေါင်း(၆၀၄)ရက်ရှိ ခဲ့ပြီဖြစ်ပါတယ်။