ထီးလင်းမြို့နယ် အောင်းတောင်ရွာကို စစ်ကောင်စီက မီးရှို့

Photo – Google

ထီးလင်းမြို့နယ် အောင်းတောင်ရွာကို အောက်တိုဘာ (၃) ရက်ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

“ရွာမှာညအိပ်ပြီး ရှို့သွားတာ၊ပျက်စီးမူအခြေအနေကိုတော့မသိရသေးဘူး” လို့ YDF ဗျူဟာမှူး သခင်ဇော်က DNA ကိုပြောပါတယ်။
ပျူစောထီးတွေလည်း ပါဝင်တဲ့စစ်ကောင်စီ စစ်ကြောင်းဟာ အခုရက်ပိုင်းအတွင်း ထီးလင်းမြို့နယ်ထဲမှာ ရွာ တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို လုယက်ခိုးယူတာ၊ ပြည်သူတွေကို ဓားစာခံအဖြစ်ဖ မ်း ဆီးပြီး လူသာဒိုင်းအဖြစ် အသုံးပြုတာတွေကိုကျူးလွန်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရသလို ဒေသခံမီဒီယာ တွေက ဖော်ပြတာကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ (၂) ရက်နေ့မှာ ကျားခဲရွာကပြည်သူတစ်ဦးနဲ့ ညောင်ဟောင်းရွာက ပြည်သူနှစ်ဦးကို ဓားစာခံအဖြစ်ဖမ်းဆီး အသုံးပြုခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြထားပါတယ်။ စက်တင်ဘာလကုန်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းဟာ ထီးလင်းမြို့နယ်ကပုဏ္ဏားကျေးရွာနဲ့ အနောက်ဖက် ကျေးရွာ တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။