ဖျာပုံရဲချုပ် နိုင်ကျဉ်းတွေကို ကျိုက်လတ်အချုပ်သို့ ပြောင်းရွှေ့

ဧရာဝတီတိုင်း ၊ ဖျာပုံမြို့ ရဲစခန်းနဲ့ စစ်ကြောရေး စခန်းတွေမှာ နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရ
တဲ့ လူ(၃၀) နီးပါးကို ကျိုက်လတ်မြို့မ ရဲစခန်းအချုပ်ဆီကို ဒီနေ့ မနက် ၉ နာရီကျော်က စပြီး အသုတ်လိုက် ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။
“ဖျာပုံမှာ လန့်လန့်နဲ့ ကြားကြားနေတာလေ။ဘယ်နေ့ PDF တွေဝင်လာမယ်၊ဘာမယ်၊ ဘာလုပ်မယ်ပေါ့။ အဲလိုဆိုတော့ ရဲအချုပ်ခန်းရဲ့ မလုံခြုံမှုကို စိုးရိမ်တာလည်းပါမယ်။ ကျိုက်လတ်အချုပ်က လူချောင်နေလို့လည်း ဖြစ်နိုင်တယ်။ သေချာတာကတော့ PDF အဖွဲ့ကို ကြောက်တာလည်း ပါမှာပါ”လို့ ဖျာပုံရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဲဒီလို အချုပ်သားတွေကို ပြောင်းရွှေ့ရာမှာ ဒီရက်ပိုင်းအတွင်း အဖမ်းခံထားရတဲ့ ဖျာပုံရဲတပ်ဖွဲ့ဝင် ရဲထက်လင်းရဲ့ ဇနီး ကေသီဝင်း(ခ)ငယ်ငယ် လည်းပါဝင်တယ်လို့ သိရပါတယ်။
ဖျာပုံရဲစခန်း နဲ့ စစ်ကြောရေးမှာ ဖျာပုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ စွတ်စွဲဖမ်းဆီးခံနေရတဲ့ လူ(၃၀) နီးပါးရှိနေပြီး အဲဒီအထဲမှာ ရဲတပ်ဖွဲ့ဝင် (၃) ဦးနဲ့ မကေသီဝင်းလည်း အပါအဝင် ဖြစ်ပါတယ်။
ဖျာပုံရဲအချုပ်ကနေ ကျိုက်လတ်ရဲစခန်းအချုပ်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့ နိုင်ငံရဲပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရသူတွေကို တရားရုံးမှာ အများနည်းတူ ရုံးထုတ်လေ့ မရှိပဲ ဗီဒီယိုကွန့်ဖရန့်နဲ့ပဲ ချုပ်မိန့်ရမာန်ယူနေတယ်လို့ သိရပါတယ်။