ကပစ(၂၅)ကစစ်ကောင်စီယာဥ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေ

ဆောမြို့နယ် စေတုတ္တရာ – လောင်းရှည်လမ်းပိုင်းတနေရာမှာ စစ်ကောင်စီယဥ်တန်းကို စက်တင်ဘာ (၃၀) ရက် မနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်သား နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေ လည်း ရှိတယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း(၆)(လောင်းရှည်PDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
“သေတာကတော့ သူတို့တွေ ကပစ (၂၅)ကိုအလောင်းတွေသယ်တာမှာ မြင်လိုက်တဲ့သူတွေက တဆင့်သိ ရတယ်၊ ဒဏ်ရာရတဲ့သူထဲမှာ ပေါင်ပြတ်တဲ့သူတွေနှင့် လက်ပြတ်တဲ့သူတွေရောပါတယ်လို့ ကျွန်တော်တို့ ပြန်ကြားရပါတယ်” သူကပြောပါတယ်။
ရှေ့ပြေးဆိုင်ကယ် လေးစီးနဲ့ နောက်ကဆိုင်ကယ်သုံးစီးဝန်းရံထားပြီး အလယ်မှာ မိုးကာအုပ်စစ်ကား တစ်စီး ပါတဲ့ ဆောမြို့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကပစ (၂၅)တပ်က စစ်ကောင်စီယာဥ်တန်းကို လက်လုပ်မို င်းရှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ လို့ဆို ပါတယ်။
“ကျွန်တော်တို့တိုက်ခိုက်တဲ့နေရာက သူတို့အုပ်စိုးတဲ့နယ်မြေမှာပါ၊တပ်အချိန်းအပြောင်းလုပ်မယ်သိပေမယ့် ဘယ် နေ့လုပ်မှာမှန်းမသိတဲ့အတွက် တောထဲမှာသုံးလေးရက်ပုန်းခိုတပ်ဖျောက်ပြီး နေရတယ်၊သူတို့အလာ ကျမှ တိုက် ခိုက်ခဲ့တာပါ” လို့ သူကပြောပါတယ်။
မိုင်းဆွဲအပြီးမှာ စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိခဲ့ပေမယ့် ဒေသခံ ကာ ကွယ်ရေး တပ်က ဆုတ်ပစ် ပစ်ပြီး အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင် အမှတ်( ၆)၊ တပ်ရင်း (လောင်းရှည် PDF) တပ်ခွဲ(၃) တပ်ခွဲမှူး ဗိုလ်ငှက်ခါး ဦးဆောင်တဲ့အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီယာဥ်တန်းဟာ ထိ ခိုက်မှုတွေရှိတဲ့အတွက် ကပစ (၂၅) ကို ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။