အိုးဘို​ထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသားတစ်​ဦးသေဆုံး

Photo – Social Media

မန္တလေးအိုးဘိုထောင်မှာ ထောင်အာဏာပိုင်တွေက ဆေးကုမပေးလို့ အရေးပေါ်ဆေးကုသဖို့လိုနေတဲ့ နိုင်ငံရေး အကျဉ်းသားတဦး အခုလအတွင်း သေဆုံးခဲ့ရတယ်လို့ မန္တလေးကတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

အိုးဘိုထောင်တွင်း နိုင်ငံရေးအကျဉ်းသားတဦးက ရေးပေးလိုက်တဲ့ ပေးစာတစောင်ကို မန္တလေးသပိတ်အင် အား စုနဲ့ သံဃသမဂ္ဂ(မန္တလေး)တို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဒီကနေ့မနက်ပိုင်းက ဖော်ပြလာတာပါ။

အိုးဘိုထောင်တွင်းအိပ်ဆောင် (၃)၊ အခန်း (၆) က အကျဥ်းသားတစ်ဦးဟာ အရေးပေါ်ဆေးကုသမှုခံယူဖို့လို အပ် နေလို့ တာဝန်ကျ အကျဉ်းဦးစီးဝန်ထမ်းတွေကိုအကြောင်းကြားခဲ့ပေမယ့် လာရောက်ကုသပေးတာမရှိခဲ့လို့ အခုလ (၁၇)ရက် ညပိုင်းမှာ သေဆုံးခဲ့ရတယ်လို့ ထောင်တွင်းကလာတယ်ဆိုတဲ့ ပေးစာထဲမှာဖော်ပြထားပါတယ်။

ဒါ့အပြင် ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုတွေရှိနေပြီး အပြစ်ရှာတိုက်ပိတ်တာ၊ ကျန်းမာရေး စောင့်ရှောက်မှုကောင်းကောင်းမပေးတာ၊ထောင်အကြီးအကဲတွေက နိုင်ငံရေးအကျဉ်းသားတွေရဲ့ယုံကြည်ချက် ကို လှောင်ပြောင်ပြောဆိုတာတွေလုပ်နေတယ်လို့လည်း အဲ့ဒီပေးစာထဲမှာ ဖော်ပြထားပါတယ်။

ထောင်တွင်းက လာတယ်ဆိုတဲ့ ပေးစာနဲ့ပတ်သက်ပြီး DNA က မန္တလေးသပိတ်အင်အားစုကို ဆက်သွယ်မေး မြန်း ရာမှာ အဲ့ဒီစာဟာထောင်တွင်းရဲဘော်တဦးဆီက လာတဲ့စာဖြစ်ကြောင်းအတည်ပြုပါတယ်။ဒါပေမယ့် စာနဲ့ပတ် သက်ပြီး လတ်တလောမှာတော့ အသေးစိတ်မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

“သိပ်မကြာသေးခင်ကပဲ အင်းစိန်ထောင်ထဲမှာလည်း နိုင်ကျဉ်းလူငယ်တယောက် အဲ့ဒီလို ဆေးကုခွင့်မရဘဲ ကျ ဆုံးသွားခဲ့သေးတယ်၊အကြမ်းဖက်စစ်တပ်က နိုင်ကျဉ်းတွေအပေါ်မှာနေ့စဉ်နဲ့အမျှ ဖိနှိပ်ညှင်းပန်းရက်စက်နေ တာငြင်းလို့ မရဘူး”လို့ နိုင်ငံရေးအကျဉ်းသားဟောင်းဦးထွန်းကြည်က ပြောပါတယ်။

လက်ရှိနိုင်ငံတဝန်းက အကျဉ်းထောင်အားလုံးမှာ စစ်ကောင်စီလက်ပါးစေတွေက နိုင်ငံရေးအကျဉ်းသားတွေကို ရည် ရွယ်ချက်ရှိရှိ ဖိနှိပ်ညှင်းပန်းနေပြီး အပြည်ပြည်ဆိုင်ကြက်ခြေနီအဖွဲ့လို နိုင်ငံတကာ အဖွဲ့အစည်းတွေကို လည်း အကြမ်းဖက်စစ်တပ်က အကျဉ်းထောင်တွေထဲဝင်ခွင့်မပေးဘူးလို့ သူကပြောပါတယ်။

အာဏာသိမ်းပြီးနောက် လက်ရှိကာလ နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ထောင်တွင်းအခြေအနေတွေကို ပြင် ပကမ္ဘာက မသိနိုင်အောင် သတင်းအမှောင်ချထားပြီး လူ့အခွင့်အရေးချိုးဖောက်မှု၊ညှင်းပန်းနှိပ်စက်မှုနဲ့ သတ်ဖြတ် မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကုညီစောင့်ရှောက်ရေးအသင်း (AAPP)က ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊နိုင်ငံတကာအစိုးရတွေနဲ့၊အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့နဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအကျဉ်းထောင်တွေရဲ့ အခြေအနေမှန်ကို သိခွင့်ရဖို့တောင်းဆိုရ မယ့် အပြင် ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်အရေးယူ ဖို့လိုအပ်နေတယ်လို့ AAPP က တိုက်တွန်းထားပါတယ်။