ဂန့်ဂေါ – ကလေး နယ်စပ်စစ် ချင်းတောင်ခြေက စစ်ရှောင်တဲတွေရှိတဲ့ နေရာဝန်းကျင်ကို ဟံသာဝတီရွာမှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“တဲတွေမှန်တာမျိုးတော့မရှိဘူး၊ခပ်ဝေးဝေးတွေကျတာပ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီဒေသမှာ လတ်တလော တိုက်ပွဲဖြစ်နေတာမျိုးလည်းမရှိဘဲ စစ်တပ်ကလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ တာ ဖြစ်တယ်လို့ဆိုပါတယ်။
အခုလက်နက်ကြီးနဲ့ပစ်ခတ်ခြိမ်းခြောက်ခံနေရတဲ့ တဲစုတွေမှာ နေထိုင်သူတွေဟာ စစ်တပ်က မီးရှို့ဖျက်ဆီး လို့ ရွာကတိမ်းရှောင်လာသူတွေနဲ့ ပျူစောထီးတွေကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့လာကြရတဲ့ ရှားဖို ၊တင်သား၊မှန် တော၊ကြံသာ စတဲ့ ဒေသတွင်းကျေးရွာတွေက ပြည်သူတွေပါဝင်ပါတယ်။
နေထိုင်ရာ ရွာတွေကတိမ်းရှောင်လာရပြီး တခြားအရပ်ကိုသွားစရာမရှိတဲ့သူတွေဟာ အဲ့ဒီတောဘက်တွေမှာ ပဲ အဆင်ပြေသလို တဲဆောက်နေထိုင်ကြရတာဖြစ်ပြီး စုစုပေါင်း တဲအလုံးတရာဝန်းကျင်လောက် ရှိနေ တယ်လို့ သိရပါတယ်။
အဲ့ဒီတဲစုတွေဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခြိမ်းခြောက်တာတွေမလုပ်ခင် ပြီးခဲ့တဲ့ ရက်ပိုင်း တွေ ကလည်း မူရင်းကျေးရွာတွေကိုပြန်နေထိုင်ဖို့နဲ့ မပြန်ရင် မီးရှို့ခံရမယ်လို့ ပျူစောထီးတွေက သတင်း လွှင့်ခြိမ်း ခြောက်တာကြောင့် ပြည်သူတချို့ သက်ဆိုင်ရာရွာတွေထဲပြန်လည်ရွှေ့ပြောင်း ခဲ့ကြရပါသေးတယ်။
” သူတို့က တောထဲမနေစေချင်ဘူး၊ဟံသာဝတီကစစ်ဗိုလ်က တောထဲမနေဖို့၊တဲတွေကိုလည်း ကပ်တွေခွ ာထားဖို့ ပြောတယ်၊ တဲကိုအလုံမကာကြနဲ့ မြင်ရအောင်ထားရမယ်ဆိုတဲ့သဘော” လို့ စစ်ရှောင်တဲ ကနေပြောင်းရွှေ့ လာသူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြိမ်းခြောက်နေပေမယ့် စစ်ရှောင်တဲစုတွေကနေ မပြောင်း ရွှေ့ပဲ ဆက်နေကြသူတွေ အများအပြားရှိနေသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရွာလုံးကျွတ်ဖျက်ဆီးခံ ထားသူတွေနဲ့ ရွာပြန်ရင်လည်း ပျူစောထီးတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရ နိုင်ချေရှိသူတွေက နေရပ်မပြန်လိုကြဘူး လို့ဆိုပါတယ်။
“ (စစ်သားနဲ့ပျူစောထီးတွေ) လာခဲ့ရင်လည်း တောင်းပန်ပြီးနေမယ်လို့ ပြောတာကြပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ရှောင်တဲမှာနေထိုင်သူတွေကို စစ်တပ်က အခုလို ဖိအားပေးပြောင်းရွှေ့ခိုင်းနေတာဟာ အခုလအတွင်း ဟံသာဝတီကျေးရွာက ပျူစောထီးအဖွဲ့ဝင်တချို့ ထွက်ပြေးတိမ်းရှောင်သွားကြတာနဲ့ ဆက်စပ်နေနိုင်တယ်လို့ ဒေသခံတွေကယူဆ ကြပါတယ်။
” ဟံသာဝတီက ပြူတွေ ရခိုင်စစ်တိုက်ဖို့ပို့မှာဆိုလို့ ထွက်ပြေးကြတာ၊ဒီဘက်ကနေထွက်ပြေးတယ်လို့ သူတို့က ယူဆကြတယ်၊ထွက်ပြေးဖို့လမ်းကလည်းဒီလမ်းရှိတာကိုး၊နောက်တစ်ခုက PDF တွေရှိတယ်လို့ သူတို့ထင်တာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။