ဝက်လက်နယ်မှာ ပြည်သူတွေဆီက အဓမ္မငွေကြေးတောင်းနေတဲ့ စစ်ကောင်စီအဖွဲ့ ရေမြှုပ်မိုင်း နဲ့တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်မှာ ဧရာဝတီမြစ်အတွင်းသွားလာနေတဲ့ ပြည်သူတွေဆီက ခြိမ်းခြောက်ငွေတောင်းနေတဲ့ အဖွဲ့ကို ရေမြှုပ်မိုင်းနဲ့ တိုက်ခိုက်လို့ ရဲနဲ့ စစ်သားငါးဦးသေဆုံးတယ်လို့ တောကြီးမြွေပွေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဧရာဝတီမြစ်တွင်းမှာရှိတဲ့ ပြည်သူတွေဆီက အတင်းအဓမ္မငွေကြေးတောင်းယူနေတဲ့ စစ်ကောင်စီတပ်သား တွေ လိုက်ပါလာတဲ့ စက်လှေနှစ်စီးကို ဒီကနေ့မနက်ပိုင်းကတိုက်ခိုက်ခဲ့တာဖြစ်ပြီး တစီးထိမှန်ကာ သေဆုံးဒဏ်ရာရ ကြတာဖြစ်တယ်လို့ တောကြီးမြွေပွေးအဖွဲ့ဝင်တဦးကပြောပါတယ်။
“ရေမြုပ်မှိုင်းနဲ့တည်ပြီးခွဲတာဗျ၊ ပြည်သူတွေဆီကနေ ငွေကြေးတောင်းခံနေတာ တော်တော်ကြာပြီး” လို့ သူက ပြောပါတယ်။တိုက်ခိုက်ခံရတဲ့စက်လှေနဲ့ လိုက်ပါလာသူတွေဟာ ရှိမ်းမကားရဲစခန်းက ရဲတွေနဲ့ အဲ့ဒီစခန်းမှာ တပ်စွဲထားတဲ့ စစ်သားတွေပါဝင်တယ်လို့သိရပါတယ်။
တိုက်ခိုက်မှုကြောင့် အေးဝင်းထွန်း(တစ်ပွင့်ဗိုလ်)၊ ကျော်ဝင်းထွန်း၊စည်သူမောင်အပါအဝင် တခြားရဲနဲ့ စစ်သား စုစုပေါင်း ငါးဦးသေဆုံးပြီး ခြေပြတ်၊လက်ပြတ်ပြီး အပြင်းအထန်ဒဏ်ရာရသူတွေများတယ်လို့ တောကြီးမြွေပွေးအဖွဲ့က ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို တောကြီးမြွေပွေးအဖွဲ့နဲ့ရွှေဘိုခရိုင်တပ်ရင်း(၁၇)(ဒေါင်းစစ်သည်)အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။