ရခိုင့်တပ်တော်နဲ့ AA နဲ့ တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်က ရခိုင်ပြည်နယ်ကိုပို့ဖို့ တပ်သားသစ်အဖြစ် လူစုဆောင်းနေတာကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ဂန့်ဂေါနယ်တွေက ပျူစောထီးတွေ ထွက်ပြေး တိမ်းရှောင် နေကြတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
ရခိုင်ပြည်နယ်မှာ AA ကိုနှိမ်နင်းဖို့ဆိုပြီး ကလေးမြို့နယ်တောင်ပိုင်းနဲ့ ဂန့်ဂေါမြောက်ပိုင်းက ပျူစောထီးတွေကို စစ် ကောင်စီက အစည်းအဝေးခေါ်ယူခဲ့တယ်လို့ ဒေသခံကတွေကဆိုပါတယ်။
ဒါပေမယ့် အဲ့ဒီအစည်းအဝေး မတိုင်ခင်မှာပဲ ဒေသခံပျူစောထီးတချို့ ထွက်ပြေးတိမ်းရှောင်ကြတယ်လို့ ပျူရွာ တွေ နဲ့ နီးစပ်တဲ့ ကလေးတောင်ပိုင်းဒေသခံတဦးက ပြောပါတယ်။
“ပြန်လမ်းမရှိတာသူတို့လည်း သိမှာပါ”လို့ ပျူစောထီးရွာတွေနဲ့အနီးဝန်းကျင်ကျေးရွာမှာနေထိုင်တဲ့ကလေး တောင် ပိုင်း ဒေသခံတဦးက ပြောပါတယ်။
ထွက်ပြေးတယ်ဆိုတာကိုသိရပေမယ့် လူဦးရေ ဘယ်လောက်ထွက်ပြေးတယ်၊ ဘယ်သူတွေပါဝင်တယ် ဆိုတာ ကို တော့ ချက်ချင်းမသိနိုင်ဘူးလို့ သူကပြောပါတယ်။ယောသတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ အင်းကျွန်းရွာတရွာတည်းကပဲ ပျူစောထီး (၁၂)ဦးထွက်ပြေးတယ်လို့ ထုတ်ပြန်ပါတယ်။
AA စစ်ကြောင်းကို လိုက်လံနှိမ်နင်းဖို့ဆိုပြီး ကလေးမြို့နယ်ထဲက အင်းကျွန်း၊ ကျောက် ပြုတ်ရွာနဲ့ ဂန့်ဂေါမြို့ နယ်ထဲက လယ်ကြီးရွာ၊ဟံသာဝတီ၊ မြောက်ခင်ရန်း၊ ကုက္ကား စတဲ့ကျေးရွာတွေက ပျူစောထီးတွေကို စစ်တပ်က
ခေါ်ယူပြီး အစည်းအဝေးတွေလုပ်ခဲ့တယ်လို့ ယောသတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားတာပါ။
အဲ့ဒီအစည်းအဝေးမှာ AA ကိုနိုမ်နင်းဖို့ လိုက်ပါသူတွေကို တစ်ရက်တစ်သောင်းနှုန်းနဲ့ တစ်လ သုံးသိန်းပေးမယ်လို့ စစ်ကောင်စီက ပြောဆိုပြီး အားလုံးပါဝင်ကြဖို့ စည်းရုံးပြောဆိုခဲ့တယ်လို့ ယောသတင်းမှန် ပြန်ကြားရေးအဖွဲ့ ကဆိုပါတယ်။
အဲ့ဒီအချက်ကို DNA အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ရခိုင်ပြည်နယ်အတွင်းနဲ့ ပလက်ဝ ဒေသ တွေ မှာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေ တကျော့ပြန်တိုက်ပွဲပြင်းထန်နေတာ လအ နည်းငယ်ကြာပါပြီ။
ရခိုင်ဒေသ တကျော့ပြန်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအများအပြားကျဆုံးဒဏ်ရာရနေပြီး စစ်တပ်ခြေကုပ်ယူထားတဲ့ စခန်းတွေကိုလည်း AAတပ်ဖွဲ့က ဆက်တိုက် သိမ်းပိုက်နေတာပါ။
ပြီးခဲ့တဲ့ ဩဂုတ်လဆန်းကနေ စက်တင်ဘာလလယ်ပိုင်းအထိကာလအတွင်း မောင်တောမြို့နယ်နဲ့ ပလက်ဝ ဒေသတွေက နယ် ခြားစောင့်စခန်းတွေနဲ့ စစ်တပ်ခြေကုပ်စခန်း (၇)ခုထက်မနည်းကို AA ကသိမ်းပိုက် ခဲ့ တယ်လို့ ဒေသ တွင်းသတင်း တွေမှာဖော်ပြထားပါတယ်။