စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မရဲစခန်းက ရဲတပ်သားတဦးရဲ့ဇနီး မိချို ဆိုသူ ဒီကနေ့မနက်ပိုင်းက သတ်ဖြတ်ခံရတယ်လို့ ဒေသတွင်းတော်လှန်ရေးသတင်းတွေဖော်ပြပေးနေတဲ့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင် တဦးက DNA ကိုပြောပါတယ်။
“အဲ့ဒီအမျိုးသမီးက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ပြည်သူတွေကို ဓားကိုင်ပြီး မိုက်မိုက်ရိုင်းရိုင်းဆဲဆိုခဲ့တဲ့အပြင် လတ်တလောကာလအတွင်းမှာလည်း သတင်းပေး ၊ သတင်းယူ ထောက်ပို့လုပ်ပေးနေတာ၊ခင်ဦးမြို့မရဲစခန်း ကိုအဓိကပို့နေတာ” လို့သူကဆိုပါတယ်။
ရဲတပ်သားရဲ့ ဇနီးဖြစ်သူဟာ ဒီကနေ့မနက်ပိုင်းက ခင်ဦးမြို့မဈေးကို ဈေးဝယ်ထွက်နေချိန်မှာ သတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ဆိုပေမယ့် ဘယ်အဖွဲ့အစည်းတွေက ဘယ်လိုသတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
သတင်းပေးတစ်ယောက်ရဲ့ အန္တရာယ်က ပြည်သူပေါင်းများစွာကို ထိခိုက်ဆုံးရှုံးမှုတွေရှိတာကြောင့် ပစ်ခတ်ရှင်း လင်းခံရတာဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ကဆိုပါတယ်။အဲ့ဒီသတ်ဖြတ်မှုနဲ့ပတ်သက်လို့ ဒေသတွင်း တော်လှန်ရေး အဖွဲ့ အစည်းတွေကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
သတ်ဖြတ်ခံရတဲ့ မိချိုဆိုသူ အမျိုးသမီးဟာ အာဏာသိမ်းကာလအစောပိုင်းမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့် ကွက်ဆန္ဒပြနေတဲ့ ပြည်သူတွေကို ဆဲဆိုခဲ့ဖူးတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဆိုပါတယ်။