စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ် မစိန်ကျေးရွာ ရဲစခန်းကို စက်တင်ဘာ ၁၈ ရက်မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ရဲခုနစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ People’s defense force – kalewaက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အဲ့ဒီရဲစခန်းကို အလစ်အငိုက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ တပ်ဖွဲ့ဘက်ကရဲတချို့ ပြင်းထန်ဒဏ်ရာတွေနဲ့ထွက်ပြေးသွားလို့ သေဆုံးမှုတွေထပ်ရှိနိုင်တယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲကနေ လက်နက်ငယ် ၇လက်နဲ့ M79 ဗုံးပစ်လောင်ချာတလက်အပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအ ဆောင်တွေသိမ်းဆည်းနိုင်ခဲ့တဲ့အပြင် ဆိုင်ကယ်လေးစီး၊ဖုန်း(၁၀)လုံး၊Laptop တလုံး၊ရွှေဆွဲကြိုးတကုံးစတဲ့ အသုံး အဆောင်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ PDF ကလေးဝကဆိုပါတယ်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်မရှိခဲ့ဘဲ ရဲစခန်းကိုသိမ်းပိုက်အပြီးမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။တိုက်ပွဲဖြစ်နေချိန်အတွင်း ဒေသခံအရပ်သား အမျိုးသမီးတဦး ထိခိုက် သေ ဆုံးသွားတယ်လို့ သိရတဲ့အတွက် ဝမ်းနည်းရကြောင်းနဲ့ တောင်းပန်တဲ့အကြောင်းလည်း PDF ကလေးဝ ထုတ်ပြန် ချက်မှာဖော်ြပထားပါတယ်။
အဲ့ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး DNA ကသီးခြားအတည်မပြုနိုင်သလို PDF ကလေးဝတာဝန်ရှိသူကို ဆက် သွယ်မေးမြန်းဖို့ကြိုးစားပေမယ့် အဆက်အသွယ်မရသေးပါဘူး။