NUG အစိုးရကပြည်သူ့ခုခံတွန်းလှန်စစ် စတင် ကြေညာချိန်ကနေ တစ်နှစ်အတွင်း တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်း တိုက်ပွဲပေါင်း (၄၀) ကျော်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်က နှစ်ရာကျော် သေဆုံးခဲ့ တယ်လို့ ပုလောမြို့ အခြေစိုက်ပြည်သူ့ကာကွယ် ရေးတပ်မတော်မြိတ်ခရိုင် တပ်ရင်း (၁) က ထုတ်ပြန်ပါတယ်။
ပြည်သူ့ခုခံ တွန်းလှန်စစ် တနှစ်အတွင်း မြိတ်ခရိုင်မှာ တိုက်ပွဲ (၄၁)ကြိမ်နဲ့ စစ်ကောင်စီဒေါက်တိုင်တွေကိုတိုက်ခိုက်မှု လေးကြိမ်ရှိခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲတွေနဲ့ တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က (၂၀၆)ဦးသေဆုံးပြီး (၂၅၇)ထက်မနည်း ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စုစုပေါင်းတိုက်ပွဲနဲ့တိုက်ခိုက်မှု (၄၅)ကြိမ်ရှိရာမှာ ထိခိုက်သေဆုံးသူ (၄၆၀)ကျော်ဖြစ်လို့တိုက်ပွဲတခုကို စစ်ကောင်စီဘက်က ပျမ်းမျှဆယ်ဦးလောက် သေဆုံးထိခိုက်ကြတဲ့သဘောဖြစ်ပါတယ်။
ဒိအချက်အလက်တွေနဲ့ပတ်သက်လို့ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သလို မြိတ်ခရိုင်တပ်ရ င်း(၁ )နဲ့အဆက်အသွယ်မရသေးတဲ့အတွက်အသေးစိတ် မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။
အချက်အလက်အခြေပြု သုတေသန အဖွဲ့တခုဖြစ်တဲ့ ISP Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာတော့ အာဏာစသိမ်းတဲ့ ၂၀၂၁ဖေဖော်ဝါရီ(၁)ရက်ကနေအခုနှစ် ဇူလိုင်လကုန်အထိ တနင်္သါရီတိုင်းမှာ တိုက်ပွဲစုစုပေါင်း (၈၆)ကြိမ် ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူ့ခုခံ တွန်းလှန်စစ်စတင်တယ်လို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ(၇)ရက်မှာ NUGက ကြေညာခဲ့တာဖြစ်ပါတယ်။
ခုခံတွန်းလှန်စစ် စတင်ပြီးနောက် တနှစ်အတွင်း အခုနှစ်ဇူလိုင်လကုန်အထိ တနိုင်ငံလုံးမှာ တိုက်ပွဲပေါင်း (၆၆၀၀)ကျော်ဖြစ်ခဲ့ပြီး PDF နဲ့မဟာမိတ်တပ်ဖွဲ့ဝင် (၁၅၀၀)ဝန်းကျင်ကျဆုံးကာ၊စစ်ကောင်စီဘက်က နှစ်သောင်းကျော်သေပြီး ခုနစ်ထောင်လောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့NUG ကဆိုထားပါတယ်။
တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေဘက်က ရှစ်ဦးကျဆုံးပြီး (၁၃)ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊မြိတ်ခရိုင် တပ်ရင်း(၁)အနေနဲ့ သက်ဆိုင်ရာ EAO၊ ပကဖ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်တာ၊ အကြမ်းဖက်စစ်ကောင်စီ အားပေးထောက်တိုင်တွေကို ဖြိုဖျက်တာတွေကို ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် လက်ရှိအချိန်မှာလည်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်မှုတွေကို ပိုမိုအရှိန်မြှင့်ဆောင်ရွက် သွားတော့မှာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း (၁)ကဆိုပါတယ်။