လောင်းလုံးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်

တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ ဒီနေ့ မေလ (၁၀)ရက်၊ မနက်ပိုင်းက လူထုသပိတ်ဦးဆောင်သူတွေနဲ့ ပြည်သူလူထုပူးပေါင်းကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်ပြုလုပ်ခဲ့ပါတယ်။
အဲဒီစစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ရှားမှုမှာ ပါဝင်သူတစ်ဦးက “လူထုနဲ့ တော်လှန်ရေးဟာ တခြားစီ ဖြစ်လို့မရပါဘူး။ စစ်အာဏာရှင်စနစ်ကို အလိုမရှိဆန့်ကျင်ကြောင်း ကျွန်တော်တို့ ပြည်သူလူထုတရပ်လုံးက နေ့စဥ်နည်းလမ်းမျိုးစုံနဲ့ ထုတ်ဖော်ပြသနေကြဖို့လိုပါတယ်။
စစ်အာဏာရှင်စနစ်ကို အလိုမရှိတဲ့ ပြည်သူတိုင်းဟာ တော်လှန်ရေးသမားတွေဖြစ်နေရပါမယ်။ အဲလိုဖြစ်လာအောင်ကိုလည်း ကျွန်တော်တို့ ဝိုင်းဝန်းကြိုးပမ်းပြီး နည်းလမ်းတွေရှာဖွေရပါမယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကျဆုံးပြီး တန်းတူညီမျှမှုအပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆီ အရောက်လှမ်းနိုင်ပါလိမ့်မယ်။”လို့ ပြောပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကျော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။