မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က မြစ်ခြေ-ကျွန်းချောင်းလမ်းပိုင်း ချောင်းမကြီးချောင်းအနီးမှာ စစ်ကောင်စီ ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ယာဉ်တန်းနဲ့အတူလိုက်ပါလာတဲ့ ပျူစောထီးနှစ်ဦးသေဆုံးတယ်လို့ ပခုက္ကူ PDF အဖွဲ့က ထုတ်ပြန်ပါတယ်။
“အဲ့ဒီချောင်းမကြီးချောင်းအနီးမှာနှစ်ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့တယ်၊ဆိုင်ကယ်တစ်စီး သုံးယောက်ပူးစီး လာတာ သူတို့ဆိုင်ကယ်တွေဘယ်လောက်ပျက်စီးသွားလဲဆိုတာတော့ မြေပြင်အခြေအနေ အရ သူတို့က တန်းပစ်ခတ်တော့ မမြင်လိုက်ရဘူးလို့” ပခုက္ကူ PDF တပ်ဖွဲ့ဝင်တစ်ဦးကDNA ကိုပြောပါတယ်။
ဆိုင်ကယ်ခြောက်စီးနဲ့ ကားတစီးပါဝင်တဲ့ စစ်ကောင်စီယာဉ်တန်းကို စက်တင်ဘာ ၁၄ရက် မနက်ပိုင်းက မိုင်း ဆွဲတိုက် ခိုက်ခဲ့တာဖြစ်ပြီး ပျူစောထီးနှစ်ဦးသေဆုံးတဲ့အပြင် တဦးဒဏ်ရာရတယ်လို့ သတင်းရထား ကြောင်း ပခုက္ကူPDF က ဆိုပါတယ်။
မကွေးတိုင်း၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းဒေသတွေဖြစ်တဲ့ ပခုက္ကူမြို့နယ်က မြစ်ခြေ- ကျွန်းချောင် းဒေသ အပါအဝင် အခြားဒေသတွေဟာ စစ်ကောင်စီကိုဆန့်ကျင်တော်လှန်နေကြပြီး ထိတွေ့တိုက်ပွဲတွေနဲ့ ပြောက်ကြား တိုက်ခိုက်မှုတွေ မကြာမဏဖြစ်လေ့ရှိပါတယ်။