ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့တိုက်တွန်းခဲ့တဲ့ လောင်းလုံမြို့က နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု

Photo. နှင်းဆီရောင်အမျိုးသမီးများ သမဂ္ဂ
တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် လောင်းလုံမြို့မှာ နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ(ထားဝယ်) က ဦးဆောင်ပြီးစစ်အာဏာရှင်ဆန့်ကျင်ရေး “နှင်းဆီ ရောင်အမျိုးသမီးထုလှုပ်ရှားမှ” ကို ဒီကနေ့ စက် တင်ဘာ (၁၄)ရက် မနက်ပိုင်းကပြု လုပ်ခဲ့ကြပါ တယ်။
အဲ့ဒီ လှုပ်ရှားမှုကို “ပြည်သူ့စစ်သား / ရဲတပ်သား များ ပြည်သူ့ရင်ခွင် ခိုလှုံကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့ကြတာပါ။
“စစ်ကောင်စီတပ်သားတွေ အုံလိုက်ကျင်းလိုက် ပြည်သူတွေဘက် ပြောင်းလာမယ်ဆို စစ်အာ ဏာရှင်တွေ ကြာကြာရပ်တည်နိုင်မှာ မဟုတ်ဘူး၊ တော်လှန်ရေး အချိန်တိုအတွင်းအောင်မြင်ဖို့ရယ် စစ်ကောင်စီတပ် သားတွေ ပြည်သူ့စစ်သားခံယူပြီး ပူးပေါင်းကြဖို့ ၊ ပူးပေါင်းလာတဲ့အခါ လက် ကမ်းကြိုဆိုတဲ့အ ကြောင်းအသိပေးလိုတဲ့အတွက် ဒီခေါင်းစဉ်နဲ့ လှုပ်ရှားမှုလုပ်ခဲ့တာပါ”လို့ နှင်းဆီ ရောင်အမျိုးသမီးများသမဂ္ဂအဖွဲ့ဝင်တဦးကDNA ကိုပြောပါတယ်။
အဲ့ဒီလှုပ်ရှားမှုမှာနှင်းဆီ‌​ရောင်အမျိုးသမီးများ သမဂ္ဂအဖွဲ့ဝင်တွေနဲ့ ပြည်သူတွေအပါအဝင်လူဦးရေ ၂၅၀ကျော် ပူး ပေါင်းပါဝင်ခဲ့တယ်လို့ဆိုပါတယ်။
နှင်းဆီ‌ရောင်အမျိုးသမီးများ သမဂ္ဂ နဲ့ ပြည်သူတွေပူး‌ပေါင်းပြီး လောင်းလုံမြို့နဲ့ တနင်္သါရီဒေသတွင်းမှာလူထုလှုပ်ရှားမှုတွေ မကြာခဏလုပ်လေ့ရှိပါတယ်။
Photo. နှင်းဆီရောင်အမျိုးသမီးများ သမဂ္ဂ