ဂန့်ဂေါမြောက်ပိုင်းက စစ်ရှောင်တွေရဲ့ ယာခင်းတွေကို လုပ်ကိုင်နေတဲ့ ပျူစောထီးတွေ သတိပေး ပစ်ခတ်ခံရ

Photo – CJ

မကွေးတိုင်း ဂန့်ဂေါမြောက်ပိုင်း စစ်ရှောင်ပြည်သူတွေရဲ့ ယာခင်းတွေကို ပျူစောထီးတွေက ဝင်ရောက်လုပ်ကိုင်စိုက်ပျိုးနေတာကြောင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ သတိပေးပစ်ခတ်ခဲ့ပါတယ်။

“မြောက်ခင်ရန်းရွာက ပျူစောထီးတွေလေ၊ စစ်ဘေးရှောင်ပြီးထွက်​ပြေးနေရတဲ့ မြောက်ခင်ရန်းရွာကသူတွေရဲ့ အခင်းတွေရယ်၊ သင်တောရွာကအခင်းတွေရယ်ကို ဝင်ပြီးပဲယင်းကျဲနေကြတာ၊ သူတို့က အခင်းတွေကိုတောင် စည်းရိုးဖျက်ပြီး သူတို့အခင်းတွေထဲကို ပေါင်းထည့်တဲ့ဟာထည့်၊ သူတို့ဟာနဲ့သူတို့ဝေပြီး သူတို့အခင်းတွေလုပ်တဲ့ဟာက လုပ်နဲ့ အခင်းစည်းရိုးတွေခတ်ထားကြတာ” လို့ဒေသခံတစ်ဦးက​ပြောပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ ယာခင်းတွေကို မတရားသိမ်းယူပြီး အတင်းအဓမ္မဝင်ရောက်လုပ်ကိုင်တာကို လက်သင့်ခံမှာဟုတ်ပဲ တုန့်ပြန်မူတွေလုပ်သွားမှာဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက မြောက်ခင်ရန်းကျေးရွာဟာ ပျူစောထီးကျေးရွာတစ်ရွာဖြစ်ပြီးပြီးခဲ့တဲ့ မတ်လနဲ့ဧပြီလတွေမှာ မြောက်ခင်ရန်းရွာထဲက ပြည်သူသုံးရာဝန်းကျင်ကို ဒေသခံကာကွယ်ရေးတပ်တွေက ပျူစောထီးတွေရဲ့ အနိုင်ကျင့်ဖိနိုပ်မူအောက်က ကယ်ထုတ်ခဲ့ရပါတယ်။

မြောက်ခင်ရန်းရွာက ပျူစောထီးတွေဟာ မြစ်သာမြစ်အရှေ့ဘက်က စမ်းမြို့ကျေးရွာကို ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာခံတွေရဲ့ ကျွဲ၊ နွား တိရိစ္ဆာန်တွေနဲ့ ပစ္စည်းတွေကိုလည်း လုယူခဲ့ကြတာပါ။