KNU နယ်မြေထဲမှာ လပေါင်း နှစ်ဆယ်အတွင်း တိုက်ပွဲ ခြောက်ထောင်ကျော်ဖြစ်ပြီး စစ်အုပ်စုက ငါးထောင်ကျော်သေ

Photo- KNU
ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ပြီးခဲ့တဲ့နှစ် ဇန်နဝါရီကနေ အခုနှစ်ဩဂုတ်လအထိ လပေါင်းနှစ်ဆယ်အတွင်း တိုက်ပွဲခြောက်ထောင်ကျော်ဖြစ်ပြီး စစ်အုပ်စုဘက်က ငါးထောင်ကျော် သေဆုံးခဲ့တယ်လို့ KNU က ဒီကနေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။
အာဏာမသိမ်းမီကတည်းက KNU လက်နက်ကိုင်တပ်တွေနဲ့ စစ်အုပ်စုကြားတိုက်ပွဲတွေရှိနေခဲ့တာဖြစ်ပြီး အာ ဏာသိမ်းဖို့တလအလို ပြီးခဲ့တဲ့ ဇန်နဝါရီကနေ လပေါင်းနှစ်ဆယ်အတွင်း တိုက်ပွဲမျိုးစုံ(၆၃၅၆)ဖြစ်ခဲ့ ရာမှာ စစ် တပ်နဲ့ BGF တွေဘက်က (၅၁၂၅)ဦးသေဆုံးပြီး လေးထောင်ကျော်ဒဏ်ရာရတယ်လို့ KNUက ဆိုပါတယ်။
KNU လက်အောက်ခံ လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့တွေဘက်ကတော့ (၁၃၇) ဦး ကျဆုံး ခဲ့ပြီး (၃၅၂) ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
ဒီကာလအတွင်း KNU လက်အောက်ခံတပ်တွေအနေနဲ့ စစ်အုပ်စုရဲ့ အခြေစိုက်စခန်းကြီး ကိုးခုကို တိုက် ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး စစ်အုပ်စုဟာ ပြည်သူတွေနေထိုင်တဲ့ကျေးရွာနဲ့ လုပ်ငန်းခွင်တွေထဲကို လက်နက် ကြီး စုစုပေါင်း (၄၄၅၆)လုံးအထိ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လပေါင်း နှစ်ဆယ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် တရာကျော်(၁၁၇) အထိ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီလို လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက် မှုတွေကြောင့် ပြည်သူတရာကျော်(၁၃၁ဦး)သေဆုံးပြီး သုံးရာနီးပါး(၂၉၄ဦး)ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လည်း KNU ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲ့ဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လအထိ အချက်အလက်တွေအရ KNU နယ်မြေ အတွင်းကို နေရပ်စွန့်ခွာတိမ်းရှောင်လာတဲ့ ပြည်သူ သုံးသိန်းခွဲကျော် (၃၇၁၉၈၅ဦး)အထိရှိနေပြီး က လေး သူငယ်၊ကျောင်းသူဦကျောင်းသားတွေနဲ့ မသန်စွမ်းသူတွေ၊သက်ကြီးရွယ်အိုတွေအများအပြား ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ နေရပ်စွန့်ခွာတိမ်းရှောင်လာသူတွေကို ဒေသအလိုက် KNU လက်အောက်ခံ အုပ်ချုပ်ရေးနဲ့ လက်နက် ကိုင်အဖွဲ့အစည်းတွေက ကူညီပေးနေတာဖြစ်ပြီး အဲ့ဒီပြည်သူတွေအတွက် လူသားခြင်း စာနာထောက်ထား မှုဆိုင်ရာ အကူအညီအများအပြား လိုအပ်နေတယ်လို့ KNU ကထုတ်ပြန်အသိ ပေးပါတယ်။