ဆောနဲ့ ကျောက်ထုက လူငယ်အဖွဲ့ရဲ့ စခန်းအမှတ်(၂) မီးရှို့ဖျက်ဆီးခံရ

ယောဒေသက၊ The Youth Force (Saw&Kyaukhtu)ရဲ့ စခန်း (၂) ကို စက်တင်ဘာလ (၁၀) ရက် ညနေ (၃) နာရီဝန်းကျင်မှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားတယ်လို့ The Youth Force တာဝန်ခံ ကိုဇင်ကိုဝင်းက DNA ကိုပြောပါတယ် ။
“လက်နက်အင်အားချင်းမမျှလို့ နောက်ဆုတ်လိုက်တာပါ။ ပစ္စည်းတွေ အသုံးအဆောင်တွေ အကုန်ယူပြီးမှ ထွက်တာဖြစ်တဲ့အတွက် တဲသုံးလုံးပဲမီးရိူ့ခံလိုက်ရတာပါ။ အခြား ပစ္စည်း၊လူ ဆုံးရူံးထိခိုက်တာမရှိပါဘူး။ စခန်းနားက ပြည်သူ့တဲတစ်လုံး၊ လှည်းတစ်စီး၊ဆိုင်ကယ်တစ်စီးကိုတော့ မီးရိူ့သွားတယ်” လို့ ကိုဇင်ကိုဝင်းက ပြောပါတယ်။
ဆောမြို့နယ်နှင့် ကျောက်ထုမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ တပ်မ (၇၇) စစ်ကြောင်း လူပ်ရှားနေတာဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်တွေ အနေနဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေကြောင့် ရင်ဆိုင်တိုက်ပွဲတွေထက် ပျောက်ကြားစစ်ကိုသာ အခြေပြုနေရပါတယ် ။