ဧရာဝတီတိုင်း ၊ မအူပင်မြို့မှာ(စက်တင်ဘာ၇)ရက် မနေ့က ညပိုင်းမှာ နေအိမ်မီးလောင်မှုဖြစ်ပြီးလူနှစ်ဦးသေဆုံးခဲ့ပါတယ်။
၁၁ရပ်ကွက် ၁၀လမ်းမှာ ည ၉:၃၀ လောက်က ဝါယာရှော့ကနေ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ယူဆရပြီး လေဖြတ်နေတဲ့ အမျိုးသားကြီးတဦး မီးလောင်ပြင်မှာပဲ သေဆုံးခဲ့သလို အမျိုးသမီးကြီးတဦးမှာလည်း မီးလောင်ဒါဏ်ရာတွေနဲ့ ဆေးရုံအရောက်မှာ ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
“အိမ်ထဲကလူတွေက အိပ်ပျှော်နေချိန် အိမ်ဘေးကလူတွေမြင်မှသိကြတာ။ လူငယ်နှစ်ယောက်က ထွက်လာနိုင်တယ် လူကြီးနှစ်ယောက်က ကျန်ခဲ့တာ။
လေဖြတ်နေတဲ့ ဦးလေးကြီးက မီးထဲမှာပဲဆုံးသွားပြီ ။ မီးလောင်ဒါဏ်ရာတွေနဲ့ အမျိုးသမီးကြီးကိုတော့ ဆေးရုံပို့ပြီးသိပ်မကြာလိုက်ဘူး ဆုံးသွားတယ်လို့ကြားတယ် ။ အိမ်ရှင်ကမူလတန်းကျောင်းအုပ်ဆရာ ။ သူတို့လင်မယားက မရှိကြဘူး။ ခရီးသွားနေကြတာ ။ ရပ်ကွက်ကအသိဦးလို့ ။တအိမ်ပဲလောင်ပြီး မီးဆက်မကူးတာ”လို့ ပြောပါတယ်။
“ကိုသန်းရှိန်ကောင်းလို့ပေါ့ဗျာ။ မီးလောင်တဲ့အိမ်နဲ့ သူ့အိမ်က နှစ်အိမ်ပဲခြားတယ် ။ သူကလောင်တာသိသိချင်း မီးစက်နှိုး ရေတင်ပြီး အနောက်ဘက်ခြမ်းကို ဆက်တိုက်ပက်ပေးနေတာ။လောင်တဲ့အိမ်အနောက်ဘက်ခြမ်းကိုသာ ကူးရင် တရပ်ကွက်လုံးကုန်မှာ။ အဲ့ဘက်မှာ အိမ်ခြေက တအားစိပ်တယ်။ လူညီလို့အခြားအိမ်တွေမီးမကူးတာ”လို့လည်း အဲဒီရပ်ကွက်မှာ နေထိုင်တဲ့ ကိုလင်းမောင်(အမည်လွှဲ) ပြောပါတယ်။
အခု မီးလောင်မှုဖြစ်စဉ်ကို မအူပင်မီးသတ်စခန်းက မီးသတ်ယာဉ် (၆)စီးနဲ့ ငြိမ်းသတ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။