ပေါင်မြို့မှာ ကင်းပုန်းဝပ်နေတဲ့ ပျူခေါင်းဆောင်နဲ့ ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံး

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ကျွဲခြံရွာ၊ကော့ကရိတ်လမ်းဝမှာရှိတဲ့ ပျူစောထီးခေါင်းဆောင်တွေကင်း ပုန်းချထားတဲ့နေရာတိုက်ခိုက်ခံရပြီးပျူစောထီးခေါင်းဆောင်နဲ့ရာအိမ်မှူးတစ်ဦး သေဆုံးခဲ့တယ်လို့ S.O.F အဖွဲ့ကပြောပါတယ်။
စစ်​ကောင်စီလက်အောက်ခံတွေ ကင်းပုန်းချထားတဲ့ နေရာကို စက်တင်ဘာ(၆)ရက်ညပိုင်းမှာ M16ရိုင် ဖယ်သေနတ်နဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ် ခဲ့တာဖြစ်တယ်လို့ SOFအဖွဲ့က ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် ပျူစောထီးခေါင်းဆောင် အာစိန်ဆိုသူနဲ့ရာအိမ်မှူးစိုးသန်းတို့ နေရာမှာတင် သေဆုံးခဲ့ပြီးတခြား နှစ်ဦးထိခိုက်ဒဏ်ရာရ ရှိခဲ့ တယ်လို့ SOF အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက DNAကို ပြောပါတယ်။
“ဒီကောင်တွေက ကျွဲခြံမှာဆိုရင် လောင်းကစားဝိုင် းတွေဖွင့်ထားတယ်၊ဖဲဝိုင်း၊ကြက်ဝိုင်း၊လောင်းကစားနဲ့ပတ်သက်တာ အကုန်ဖွင့်ထားတယ်၊အဲ့ဒီမှာ ဆက် ကြေးကောက်တယ်”လို့ SOFအဖွဲ့ ပြန်ကြားရေးတာ ဝန်ခံက ပြောပါတယ်။
နောက်ဆက်တွဲသတင်းတွေအရ ထိခိုက်ဒဏ်ရာရသူ တွေထဲက တဦးလည်းဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရ တဲ့ အခြေအနေမှာရှိတယ်လို့ဆိုပါတယ်။
ပျူစောထီးခေါင်းဆောင်အာစိန်ဆိုသူဟာ ကျွဲခြံရွာ အတွင်းမှာ လောင်းကစားဝိုင်းဖွင့်ပြီ းဆက်ကြေး ကောက်တာအပြင် စစ်ကောင်စီအလိုကျ သတင်း ပေးဖမ်းခိုင်းတာတွေကို ပေါ်ပေါ်တင်လုပ်ဆော င်နေ သူတစ်ဦးဖြစ်တယ်လို့လည်း ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကိုKNLA တပ်မဟာ၊တပ်ရင်း ၂ လက်အောက်ခံ PDFတပ်ဖွဲ့ဝင်တွေနဲ့Special Operation Force(S.O.F)အဖွဲ့တို့ ပူးပေါင်းလုပ် ဆောင်ခဲ့တာပါ။
ဒီပူး​ပေါင်းအဖွဲ့ဟာစက်တင်ဘာ(၃)ရက် ညပိုင်းက လည်း ပေါင်မြို့မရဲစခန်းကို သေနတ်နဲ့ပစ်ခတ်တိုက် ခိုက်မှုတွေလုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။