ကလေးမြို့နယ်ပင်မသပိတ်အင်အားစုနဲ့ကလေးမြို့နယ်ပြည်သူတွေဟာ NUG နဲ့ပြည်သူ့သံ အမတ်ကို လက်ခံဖို့ အာဏာရှင်ကိုငြင်းဆန်ဖို့ စက်တင်ဘာလ ၆ ရက်နေ့လယ်ပိုင်း ကကလေးမြို့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
“ကျွန်မတို့အနေနဲ့တော့ ရင်ထဲမှာကိုယ့်အားကိုယ်ပဲကိုးတယ်၊ကျမတို့ပြည်သူတွေကိုပဲအားကိုးတယ် ၊UN ကို အရမ်းအားကိုးနေတာမျိူးမရှိပေမယ့် ကျမတို့လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်တဲ့သဘောပဲ” လို့ သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။
ကလေးမြို့ပင်မပိတ်ဟာ PDF အလံ၊ ကျောင်းသားအလံ၊ ချင်းအမျိုးသားအလံတွေကို ကိုင်ဆောင်ပြီး အာဏာရှင်ပြုတ်ကျရေး၊ NUG နဲ့ ပြည်သူ့သံအမတ်ကို ထောက်ခံကြောင်း ကြွေးကြော်ခဲ့ ကြပါတယ်။
“ကျွန်တော်တို့အနေနဲ့တော့ အာဏာရှင်ပြုတ်ကျမယ့် ဘယ်အလုပ်ကိုမဆို ပူးပေါင်းပါဝင်သွားမှာပါ” လို့ သပိတ်မှာပါဝင်တဲ့ ကလေးမြို့နယ် ပြည်သူတစ်ဦးက ဆိုပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ အာဏာရှင်ကို ပျက်ရက်မရှိ သပိတ်မှောက်လာတာ ရက်ပေါင်း ၅၇၇ ရက်ရှိပြီ ဖြစ်ပါတယ်။