စစ်တပ်က ရေမြောင်းကို ထိန်းချုပ်ထားလို့ ကလေးမြို့တောင်ပိုင်းမှာ လယ်မြေတချို့ ရေမရဖြစ်နေ

လယ်ယာမြေတွေထဲစီးဝင်မယ့် ရေမြောင်းကို စစ်တပ်က ထိန်းချုပ်တပ်စွဲလိုက်တာကြောင့် ကလေးမြို့ နယ် တောင်ပိုင်း တင်သားကျေးရွာအုပ်စုက လယ်မြေအများစုရေလိုအပ်နေပြီး ကောက်ပင်တွေ ရေမဝဖြစ်နေ တယ်လို့ ဒေသခံတောင်သူတွေကပြောပါတယ်။
“ခုဟာက လယ်ထဲဖိနပ်တောင်စီးလို့ရတော့တာ”လို့ လယ်တွေ ရေမရဖြစ်နေတဲ့အခြေအနေကို တင်သား ကျေးရွာ အုပ်စုက ဒေသခံတောင်သူတဦးကပြောပြပါတယ်။
ဒေသအခေါ် ” ကျုံး” လို့ခေါ်တဲ့ ရေမြောင်းကြီးနဲ့ နန်းကသဲ ချောင်းကနေ တင်သားအုပ်စုဘက်ကို ရေယူ စိုက်ပျိူး ကြတာဖြစ်ပြီး အရင်နှစ်တွေက အခုလိုကာလမှာ ကျုံးရေပြည့်လို့ လယ်ယာတွေထဲ ရေဝင်တဲ့ အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနှစ်မှာတော့ စစ်ကောင်စီတပ်တွေက နန်းကသဲ ချောင်းကနေ ကျုံးထဲကိုရေဝင်တဲ့ မြောင်းနူတ်သီး အနီးဝန်း ကျင်မှာ တပ်စွဲထားတဲ့အတွက် မြောင်းနူတ်သီးကို သွားရောက်မပြုပြင်နိုင်ကြဘဲ ကျုံးထဲရေဝင်နည်းပြီး လယ် ယာတွေဆီလည်း ရေအလုံအလောက်မရောက်ဖြစ်နေတာပါ။
ဒါကြောင့် ဒေသခံတောင်သူတွေ အခက်တွေ့နေကြရပေမယ့် ပျူစောထီးရွာကတော့ ဒီလို အခက်အခဲကြုံ တွေ့ရ တာမရှိဘူးလို့ ဆိုပါတယ်။
“ကျန်သာရွာကတော့ ပျူတွေဆိုတော့ သူတို့ရေမြောင်းကောင်းအောင်သွားလုပ်ရုံပ၊ခုဟာက သူတို့က သူတို့လယ် တွေတင်မကဘူး သူတို့ရွာဘက်မှာရှိတဲ့ တင်သား၊ရှားဖိုရွာသားတွေပိုင်တဲ့လယ်တွေရော ၊အခြောက်ခင်းတွေ ရောသူတို့ပဲလုပ်နေကြတော့တာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကျန်သာရွာဘက်မှာ တင်သား၊ရှားဖိုရွာက လယ်မြေတွေတော်တော်များများရှိပြီး အဲဒီရွာက လယ်ပိုင်ရှင် တွေဟာ သူတို့လယ်သူတို့မလုပ်ရတော့တဲ့အတွက် လက်လုပ်လက်စား လုပ်စားနေကြရတယ်လို့ ဒေသခံ တွေ ကပြော ပါတယ်။
တင်သားအုပ်စုမှာ ရှားဖို၊ မှန်တော၊ ကျောက်ဖူး၊အောင်သာယာ၊ နတ်နန်း၊ ကျန်သာ အစရှိတဲ့ရွာတွေရှိပြီး တင် သား၊ရှားဖိုရွာတွေဘက်ကရေမြောင်းကရေအပြည့်အဝမရဘဲ ကျန်သာရွာဘက်ကို သွားတဲ့ရေမြောင်းမှာသာ ရေအပြည့်အဝရရှိနေတာဖြစ်ပါတယ်။
ရေမြောင်းက ရေရဖို့ နန်းကသဲချောင်းကရေဝင်ပေါက်ကို သွားရောက်ပြုပြင်ရမှာဖြစ်ပေမယ့် စစ်ကောင်စီ တပ် တွေရှိနေတာကြောင့် မပြုပြင်ရဲကြဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလပိုင်း တုန်းက တင်သား၊ရှားဖိုကျေးရွာနှစ်ရွာက နေအိမ်ရာဂဏန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျန်သာကျေးရွာက ပျူစောထီးတွေဟာ မှန်တောရွာက ပစ္စည်းတွေကို ကားတွေနဲ့တိုက်ပြီးယူဆောင်ခဲ့ကြပါတယ်။
ပုံဟောင်း- တင်သားကျေးရွာကို စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့စဉ်….။