ရန်ကုန်ကမြို့နယ်တချို့မှာ စက်တင်ဘာ( ၄)ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့သလို့ သေနတ်ပစ်ခတ်သံတွေလည်း ထွက်ပေါ်ခဲ့တယ်လို့ ဖြစ်ပွားနေရာက ဒေသခံတွေက DNAကိုပြောပါတယ်။
ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက်မှာ စက်တင်ဘာ ၄ရက် ည (၇)နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူ တစ်ဦးကပြောပါတယ်။
“ကိုနိုင် ဆိုတဲ့ဘီယာဆိုင်မှာ ဗုံးပေါက်တာ အဲ့ဒီဆိုင်က အရင်ဦးသိန်းစိန်လက်ထက်က အုပ်ချုပ်ရေးမှူးဟောင်းရဲ့ဆိုင်။ေပြာရရင်တော့ ကြံ့ခိုင်ရေးပါတီဝင်ရဲ့ဆိုင်ပေါ့၊ဒါကြောင့် ဖောက်ခွဲတာလို့တော့ထင်တယ်”လို့ သူကဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာနဲ့အ နီးဝန်းကျင်ကိုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိပေမယ့် အပျက်အဆီးတချို့ရှိခဲ့တယ်လို့ ပြောပါတယ် ။ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ပြုတယ်ဆိုတာထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
ဒါ့အပြင် စက်တင်ဘာ (၄)ရက် ည(၁၁)နာရီကျော် ကလည်း လှိုင်မြို့နယ်မှာ ပေါက်ကွဲမှုဖြစ်ပွားသံနဲ့ ပစ်ခတ်သံတွေထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေ ကဆိုပါတယ်။
“သေနတ်နဲ့ပစ်တဲ့အသံက လေး၊ငါးချ က်လောက်ရှိတယ်၊ဘယ်နေရာမှာဖြစ်တယ်ဆိုတာတော့ အတိအကျမသိရဘူး၊ပေါက်ကွဲသံက ထရန်စဖော်မာပုံးပေါက်တာပါ၊အဲ့ဒါလည်း ပြီးရောမီးပျက်သွားတယ်”လို့ လှိုင်မြို့နယ်၊အမှတ် (၇)ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။
အဲ့ဒီသေနတ်ပစ်ခတ်သံဟာ လှိုင်မြို့နယ်ဘက်က ကြားရသလို မရမ်းကုန်းမြို့နယ်ဘက်ကလည်း ကြားခဲ့ရတယ်လို့ မရန်းကုန်းမြို့နယ်၊အမှတ် (၂)ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကလည်းပြောပါတယ်။
ပုံဟောင်း-(ရန်ကုန်မြို့တွင် လမ်းဘေး၌ စောင့်ကြပ်နေသည့် ရဲနှင့် စစ်သားနှစ်ဦးကို စက်တင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။)